အပိုင်း(16)Unicode+Zawgyi

1.8K 202 2
                                    

လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲထိုင်နေပေမဲ့.ရိပေါ်စိတ်တို့..မအေးချမ်းနိုင်။

"ကူညီပါကွာ..ရိပေါ်ရား.နော်"

" "

"ရိပေါ်လို့.."

မျက်နှာငယ်လေးနဲ့ပြောနေတဲ့..သူ့ဘေးက..ကျန့်ကောကို..ရိပေါ်..သနားမနေနိုင်ဘူး။

"ရိပေါ်က..လိမ်မာပါတယ်ကွာနော်..ကိုယ့်ကိုကူညီမယ်မလားဟင်..."

" "

ရိပေါ်..တုံ့ပြန်စကားမဆိုမိ။

ရလို့ရညား..အဆုံးထိတင်းခံထားချင်သေးတာ။

"ဟင်း...ဟုတ်ပြီ..ဒါဆို.ဒီလိုလုပ်"

အနဲနဲ့အများ..အလျော့ပေးတော့မဲ့ပုံရတဲ့ကျန့်ကောက..သက်မချလို့..စကားဆက်ပြောတယ်။

ခုံပေါ်ဘေးတိုက်ယှဥ်ထိုင်နေကြတာမို့..အားရပုံမ​ေပါ်တဲ့ကျန့်ကောက..ရိပေါ်.ပုခုံးနှစ်ဖက်ကို..လက်နဲ့ဆုပ်ကိုင်ဆွဲလည့်ရင်း..အကြည့်ဆုံစေတယ်။

"တစ်လ..တစ်လပဲသည်းခံပေး..
ကိုယ်ဒီကြားထဲ..မီဒီယာတွေကိုငြိမ်အောင်လုပ်ထားလို့ရတယ်..တစ်ခုပဲ..

မေမေတို့တရုတ်ကိုလာကြလိမ့်မယ်..မေမေတို့ကိုလည်း.နောက်မှအမှန်တိုင်းပြောပြမှာမို့..

အဲ့အရင်တော့..ကိုယ်တို့..ချစ်သူအဖြစ်နေကြတာပေါ့..ဒီလောက်တော့.ကူညီပေးပါရိပေါ်..

ကိုယ်တို့က.တစ်ယောက်နဲ့တစ်ယောက်..မသိကြတဲ့.သူစိမ်းမှမဟုတ်ဘဲ...ဟင်း..."

စကားကို.အရှည်ကြီးပြောလို့မောသွားပုံရတဲ့..ကျန့်ကောက..သက်မချပြန်တယ်။

လူမောတာလား၊စိတ်မောတာလားဆိုတာကိုတော့..ရှောင်းကျန့်နစ်ယောက်ပဲသိပါလိမ့်မယ်။

ရှောင်းကျန့်..သဘောကျ.ချစ်မြတ်နိုးရတဲ့ကောင်ကလေးက..ရှောင်းကျန့်နဲ့..ချစ်သူတွေလိုဟန်ဆောင်တွဲကြဖို့ကို..မျက်နှာမှာစိတ်ရှုပ်နေဟန်အထင်းသား။

အနံခံကောင်းကြတဲ့သတင်းသမားတွေကြောင့်..ဟိုတယ်ထဲကိုအတူဝင်သွားကြတဲ့..ရေချယ်နဲ့ရှောင်းကျန့်တို့က...ဘာလိုလိုညာလိုလို။

My lovely bad guy!!!(complete)Where stories live. Discover now