အပိုင်း (2) Unicode+Zawgyi

3.8K 334 3
                                    

ဝမ်ရိပေါ်က..တရုတ်ပြည်ရဲ့နယ်မြို့လေးဖြစ်တဲ့.လော့ရန်က ဖြစ်တယ်။ 

သာမာန်.အဝေးဘွဲ့တစ်ခုယူလို့.အိမ်ရဲ့.စီးပွားရေးဖြစ်တဲ့.

.ကော်ဖီခြံ၊.လိမ္မော်နဲ့.စတော်ဘယ်ရီ..နောက်ထပ်.တခြား.ခြံစိုက်ပျိုးရေးတွေကို..ဝိုင်းဝန်းလို့ကူညီလုပ်ကိုင်ပေးနေတဲ့.သားလိမ်မာလေး။

ပိုက်ဆံ.တလုံးတခဲ..ချက်ချင်းရနိုင်တဲ့.စီးပွားရေးမဟုတ်ပေမဲ့...လက်ထဲမှာတော့.အမြဲမပြတ်အနည်းနဲ့အများပိုက်ဆံရှိနေတတ်ပါတယ်။

လော့ရန်မှာဆို..ဝမ်ရိပေါ်တို့က..မြို့.မျက်နှာဖုံးလို့ပြောလို့ရတဲ့.မိသားစုလေးဖြစ်တယ်။

မိဘတွေနဲ့.အကိုက.အလိုလိုက်ထားပေမဲ့..ဆိုးသွမ်းခြင်းမရှိတဲ့.ဝမ်ရိပေါ်က..

အချစ်ဆိုတာကို.နားမလည်.သံယောဇဥ်ရှိတာကို.အချစ်အမှတ်နဲ့..

..ငယ်သူငယ်ချင်း..ဆတ်ကော့.လတ်ကော့.ကောင်မလေး လီရှင်းနဲ့.ချစ်သူဖြစ်ကြတယ်။

လီရှင်း...သူမက သိပ်ကိုလည်တယ်။

မျက်မှန်အဝိုင်းကြီးနဲ့.သူမလို.မိန်းကလေးထက်တောင်ဖြူနုနေပြီး..ယောကျာ ်းဆန်မှုအပါအဝင်..ချောနေ လှနေတဲ့..ဝမ်ရိပေါ်ကို..တကယ်မချစ်ဘူး။

ဝမ်ရိပေါ်က..သူမကြိုက်တဲ့.ပုံစံမဟုတ်ဘူး။

သူမက..သိပ်ကို.ချမ်းသာချင်တဲ့သူ။

လော့ရန်လို...နယ်မြို့သေးသေးလေးရဲ့.မြို့မျက်နှာဖုံးလို့ခေါ်လို့ရတဲ့..ဝမ်ရိပေါ်က..သူမအတွက်တော့..ချမ်းသာဖို့အတွက်..အ​ြမင့်ကို.တတ်နိုင်မဲ့..အောက်ခံလှေခါးထစ်သာသာပဲရှိတယ်။

သူမလိုပဲ..ဝမ်ရိပေါ်ကလည်း..သူမကိုမချစ်ဘူးဆိုတာသူမသိတယ်။

တစ်ခုကောင်းတာက..ဝမ်ရိပေါ်.သူ့စိတ်ကိုသူသိမနေတာပဲ။

သူမ..ပိုက်ဆံလိုလာတဲ့အခါတိုင်း...ဝမ်ရိပေါ်က..တောင်းဆိုစရာမလိုအောင်ပေးတတ်တယ်။

စိတ်တော့မကောင်းမိပေမဲ့...ဝမ်ရိပေါ်ပေးလာတဲ့..မနည်းလှတဲ့ပမာဏရှိတဲ့ ပိုက်ဆံကိုယူလို့..သူမပေကျင်းလို..မြို့ကြီးကိုတတ်လာခဲ့တယ်။

My lovely bad guy!!!(complete)Where stories live. Discover now