အပိုင်း(19)unicode+zawgyi

1.8K 191 2
                                    

ရိပေါ်..အခုတလော..သူ့ကိုရှောင်နေတယ်ဆိုတာ..ရှောင်းကျန့်သိတယ်။

အိမ်မှာထမင်းအတူတူစားနေရင်းကနေ..

"ကျန့်ကော..အဲ့နားက..ပုစွန်ချဥ်စပ်..ချန်ကော.ကြိုက်တယ်တဲ့..ကျွန်တော်လက်မမှီလို့.ထည့်ပေးလိုက်ပါဦး."

"ကျန့်ကော...အပြင်သွားစရာရှိလို့တဲ့..ချန်ကောက..အဲ့တာ..ကော.အားရင်လိုက်ပို့လိုက်ပါဦး.."

"ကျန့်ကော..."

"ကျန့်ကော..."

"ကျန့်ကော..."

ပြောတဲ့စကားတွေမတူပေမဲ့...စကားတိုင်းမှာတော့...ချန်ကော...ချန်ကော..။

ရှောင်းကျန့်..စိတ်အထင်ပဲလား​ေတာ့မသိပေမဲ့..ရိပေါ်က.အခုတလော.သူ့ကို..ယုချန်ဆီကိုအတင်းတွန်းပို့နေတယ်လို့.ခံစားနေရတယ်။

အိမ်မှာ..ရိပေါ်နဲ့.ယုချန်.tvကြည့်နေတဲ့အခါ..ရှောင်းကျန့်က.ရိပေါ်ရဲ့ဘေးမှာ.ဝင်ထိုင်မယ်လုပ်တိုင်း...ရိပေါ်က..ဘေးကိုပြောင်းထိုင်လို့..ယုချန်ကို..သူတို့နှစ်ယောက်အလယ်ကိုရောက်စေတယ်။

မနက်က..ရှောင်းမာမားနဲ့သူတို့သုံးယောက်..စျေးဝယ်ထွက်ရာမှာလည်း..ရိပေါ်က..ရှောင်းမာမားအနားပဲကပ်နေပြီး..သူနဲ့ယုချန်ကို..အတူသွားစေတယ်။

ဒီလောက်ပဲ....။ရှောင်းကျန့်ကို..ရိပေါ်ရှောင်နေတာ..ဒီလောက်ပဲသည်းခံနိုင်မယ်။

ချစ်စရာအ​ေကာင်ငယ်လေးက..အခုများမှာတော့..အလိုလိုက်ပေးချင်စရာမကောင်းလောက်အောင်ကို.ဆိုးလွန်းတယ်။

ဒီနေ့တော့..ရိပေါ်နဲ့စကားပြောမှဖြစ်တော့မယ်။

........

စကားပြောမှာကို.သိနေသည့်အလား..တစ်အိမ်ထဲနေပြီး..ရိပေါ်ကို.ရှောင်းကျန့်ဖမ်းလို့မမိ။

အဟွန်း....။

ရှောင်းကျန့်အကြောင်း..မသိသေးဘူးပဲ။

....

ညသန်းခေါင်အချိန်....။

တစ်အိမ်လုံးမီးတွေမှိတ်လို့အသံတွေအကုန်တိတ်ကျနေပေမဲ့..ရှောင်းကျန့်.မအိပ်သေး။

My lovely bad guy!!!(complete)Where stories live. Discover now