ချူးလျန်က ဆေးဆရာMiaoဆီသွားပြီးတော့ လမ်းခရီးမှာ ဒဏ်ရာအနာတရ‌တို့အတွက် ကုသရေးဆေးဝါးတွေကိုပါ မေးမြန်းခဲ့တယ်။

ဆေးဆရာMiaoကလည်း ချူးလျန်‌အပေါ်မှာ အမြင်ကောင်း ရှိနေတော့ အဆိပ်ဖြေဆေး၊ပိုးသတ်ဆေး ၊နှင်းကိုက်နာနဲ့ မီးလောင်ဒဏ်ရာတို့အတွက်ဆေးဝါးတွေကိုပါ ထုပ်ပိုးပေးလိုက်တယ်။

ချူးလျန်က မန်နေဂျာကျင်းကို စာရင်းတစ်ခုပေးပြီး စာရင်းထဲက ပစ္စည်းတွေကို ပြင်ဆင်ခိုင်းလိုက်တယ်။

မထွက်ခွာခင်နေ့မှာ မင်းသမီးဝေအိမ်တော်ကနေ အစောင့်နှစ်ယောက် ရောက်ရှိလာတယ်၊ သူတို့ပြောတာကတော့ ချူးလျန်ကို ကာကွယ်ဖို့ မင်းသမီးဝေကိုယ်တိုင်စေလွှတ်လိုက်တာပါတဲ့။

သက်တော်စောင့်နှစ်ဦးက မောင်နှမဖြစ်ပုံပေါ်တယ်၊ အမျိူသားက လီရှင်းလို့ခေါ်ပြီး အမျိုးသမီးက လီယွဲ့လို့ခေါ်တယ်။

သူတိူ့နှစ်ယောက်လုံးက  တကယ်ကိုဆင်တူတယ်၊ နှစ်ယောက်လူံးက မင်းသားဝေအိမ်တော်က အစောင့်အကြပ်ဝတ်စုံကိုဝတ်ထားပြီးတော့ ရိုရိုကျိုးကျိုးနဲ့ဘဲ ခေါင်းကို ငုံ့ထားတယ် ၊ဒီနေ့က သူတို့
နှစ်‌ေယာက်ကို ချူးလျန်က ပထမဆုံးတွေ့ဖူးတာဆိုတော့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘယ်လိုမှန်း သူမ မသိဘူး။

ဒါပေမယ့်မင်းသမီးဝေက သူမအတွက် သီးသန့်‌ပို့ပေးလာတာဆိုမှတော့ ငြင်းဆန်လို့မဖြစ်ဘူး၊ ဒါနဲ့ ရှီယန်ကိုခေါ်ပြီး သူတို့နားဖို့ အခန်းပြင်ခိုင်းလိုက်တယ် ။

ထွက်ခွာရမယ့်နေ့ကို ရောက်လာတော့ ချူးလျန်က သူမပစ္စည်းတွေ အားလုံးကိုစနစ်တကျ ထုပ်ပိုးပြီးနေပြီ၊မင်းသားကျင်းကလည်းအယောက်နှစ်ဆယ်လောက်ရှိတဲ့ အမျိုးသားအဖွဲ့တစ်ဖွဲ့နဲ့ မြင်းတွေကို ပို့ပေးလိုက်တယ် ၊ခေါင်းဆောင်ကတော့ ထန်းယန်လို့ ခေါ်တဲ့ အမျိုးသားဘဲ။

ထန်းယန်ကတော့ ချူးလျန်ကို အရင်ကတည်းက မြင်ဖူးထားပေမယ့် ချူးလျန်ကတော့ သူ့ကို အခုမှ တွေ့ဖူးတာဖြစ်တယ်။

ထန်းယန်က ချူးလျန်ဆီကို လျှောက်လာတယ်၊ ပြီးတော့ လှည်းထဲမှာ ပြုံထည့်လို့ထားတဲ့ ပစ္စည်းတွေကို မြင်တော့ အောက်မေးရိုးတခုလုံးတောင် ပြုတ်ထွက်မတတ်ဘဲ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now