EP6(U+Z)

3.1K 382 0
                                    

....ဟယ်ကျစ်ရှုသည် သူ၏ ပျို့အန်ချင်သည့်စိတ်ကို ပျောက်သွားသည်အထိ
ရေချိုးခန်းထဲ၌ ခတ္တမျှနေပြီးနောက် အိပ်ခန်းထဲသို့သွားကာအဝတ်များလဲလိုက်သည်။
ပြီးနောက် သစ်ခွအိုးလေးအားလက်များဖြင့် ပိုက်လျက် အိမ်အပြင်သို့ထွက်လာခဲ့လေသည်။

မြောက်ဘက်အရပ်မှတိုက်ခတ်လာသော
လေနှင့်အတူ နှင်းမှုန်များမှာလည်း မျောလွင့်နေလျက်ဆောင်းရာသီသည် ခြောက်သွေ့ကာအလွန်ပင်အေးချမ်းလို့နေပေသည်။

ဟယ်ကျစ်ရှုသည် အလွန်ထူထဲသော
ဂျက်ကက်ကိုဝတ်ဆင်ထားပြီး
ဆေးရုံသိူ့ သွားရန်အတွက်
တက်စီကို ယွမ် 80ဖြင့်ငှါးခဲ့လိုက်သည်။

အိုက်ကျိယွီသည် တံခါးခေါက်သံကြားသောကြောင့်လှည့်ကြည့်လိုက်စဉ်
လူတစ်ယောက်သည် အကျီ ဆင်စွယ်ရောင်ပွပွကြီးကိုဝတ်ဆင်ထားလျက် ထိုအကျီ၏ အောက်တွင်ပစ္စည်းတစ်ခုခုကိူ
ပိုက်ထားဟန်ဖြင့် အခန်းထဲသို့
ဝင်လာလေသည်။ထိုသူသည် သူ၏
ပဝါအားဆွဲချကာ သူ့အားဖြူဖပ်ဖြူလျော်
မျက်နှာဖြင့်ပြုံးပြကာ နူးညံ့သိမ်မွေ့စွာဖြင့်
စတင်နှုတ်ဆက်လာလေသည်။

!ဒေါက်တာ အိုက်!

အိုက်ကျီယွီသည် ဟယ်ကျစ်ရှုကိုမြင်သည်နှင့်ချက်ခြင်းပင် ရေနွေးပူပူ
တစ်ခွက်ထည့်ကာပေးလိုက်သည်။
ဟယ်ကျစ်ရှုအား ရေနွေးခွက်ပေးလိုက်ချိန်တွင် ဟယ်ကျစ်ရှု၏ လက်ချောင်းလေးများနှင့် ထိတွေ့မိသွားချိန် မျက်မှောင်ကြုတ်ကာ

!အပြင်မှာ အရမ်းအေးနေတယ်
မင်းဆေးတွေ ယူဖို့လာတာလား!

ဟု မေးလိုက်သည်။

!ဟုတ်တယ် ဒေါက်တာ
နောက်တစ်ခုက ဒီဟာ!

ဟု သူ့အားပြုံးပြရင်း ပြောလာလျက်
လက်တဖက်ဖြင့် အကျီ ပေါ်ကနေ
ထိန်းပိုက်ထားခဲ့ဟန်ရှိသော
သစ်ခွပန်းအိုးလေးအား
အိုက်ကျိယွီ၏ စားပွဲပေါ်သို့
တင်ပေးလာသည်။

သူခုမှသတိထားမိသည် ။ခုန ဟယ်ကျစ်ရှု
အကျီ ပွပွကြီးဖြစ်နေသည်မှာ ပန်းအိုးလေးအားသူအကျီထဲထည့်ကာကိုင်လာချင်းဖြစ်ပေလိမ့်မည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Onde histórias criam vida. Descubra agora