EP83 ကျန်းဝမ်ရွီရဲ့လက်ကျန်ဘဝ(Extra)
ကျန်းဝမ်ရွှီ ဟန်ကျိုးမှ ပြန်လာခဲ့သည့် နေ့၌
လုံးဝကိုပင် တစ်ယောက်တည်းရှုပ်ထွေးနေခဲ့သည်။လက်ထောက်စုန်အား ကျေးဇူးတင်စကားပြောပြီး အဖြေမရသော ဖုန်းခေါ်ဆိုမှုများအပြီးတွင် သူက ကျန်းဝမ်အား ကုမ္ပဏီမှ သော့ပို အား ယူရန်ပြောလိုက်သည်။ကျန်းဝမ်ရွှီနိုးလာသောအခါ သူ့စိတ်များက လုံးဝပင်မငြိမ်သက်သေးလျက်ရှိနေခဲ့သည်။
အားကြီးကာ တောက်ပသော နေရောင်က
သူ့အား မူးဝေလာစေသည်။သို့သော် သူမျက်စိအား ဖွင့်နိုင်ရန် ကြိုးစားလျက် ခဏမျှအကြာ သူ့အသံအား သူဘာသာပင်အနိုင်နိုင်ကြားအောင်ပြောနေရလျက်"ကျစ်ရှု အိမ်မှာလား ?"
သူသတိရမိလိုက်သည်ကား သူသတိလစ်နေစဥ်မှာ ဟယ်ကျစ်ရှုအား တွေ့လိုက်ရသည် ဟု
ထင်နေမိသည်။ကျန်းဝမ်က အိမ်သာမှထွက်လာသောအခါ
သူ့ပြောနေသည်အား ကြားလိုက်ရသည်။
ကျန်းဝမ်ရွီ အနီးသို့ သူ ဖြေးညှင်းစွာ သွားလိုက်ပြီး ကျန်းဝမ်ရွီအား ပြောလိုက်သည်။"ကျန်းဝမ်ရွှီ မင်းစိတ်ကို ထိန်းစမ်း ၊
ကျစ်ရှုက ဆုံးသွားပြီလေ ကွာ "ကျန်းဝမ်ရွှီ အံ့သြစရာကောင်းလောက်အောင်ပင် မနိုးထနိုင်သေး။သူမျက်နှာအား ခေါင်းအုံးတွင်နစ်မြုပ်လိုက်ရင်း
မသဲမကွဲတွေပြောနေလျက်ရှိနေခဲ့တယ်။"ငါတခြားလူတွေနဲ့ အတူနေရင်မင်းထွက်သွားမှာပေါ့နော် "
ထို့နောက် ချက်ခြင်းပင် စိတ်တမျိုးပြောင်းသွားခဲ့ပြန်တယ်။
"စိတ်မပူပါနဲ့။ငါကိုယ့်ကိုယ်ကို အခက်တွေ့အောင်မလုပ်ပါဘူး ။ငါက သူပြန်လာမှာကို စောင့်နေတာ "
ကျန်းဝမ်ရွှီ ဟာသလုပ်နေခြင်းမဟုတ်ခဲ့။သူတကယ်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည်။သူ ဆေးရုံက ဆင်းပြီး အလုပ်တွေပြန်လုပ်တယ်။သူအချိန်မှန်ဆေးတွေသောက်တယ်။သူ ဝန်ထမ်းများကလည်း
သူ့အား ပိုမို ချစ်ခင်လာခဲ့ကြသည်။သူက စကားနည်းနည်းဘဲ ပြောပြီး များများပြုံး
တယ်။သူ မျက်လုံးတွေက အမြဲလို အဝေး
တနေရာကိုသာ ငေးနေခဲ့ပြီး အမြဲလို တည်ငြိမ်လျက်ရှိနေခဲ့သည်။
DU LIEST GERADE
ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔
Romantik..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 Publish by jjwxc Publish date .10.9.2019 ဒီnovel လေးက မူရင်း chinese ကေန ဘာသာပြန်ဆိုထားတာမို့ ဖတ်ရတာအဆင်မပြေခဲ့ပါလျှင် က်မ xio hua ၏ တာဝန...