EP84(U+Z)

2.5K 160 4
                                    

EP84 လက်ထောက်စုန်ရဲ့အမြင် (Extra)

ကျွန်တော်က လက်ထောက်စုန်ပါ။
တနည်းအားဖြင့် ကျန်းဝမ်ရွှီ အနားမှာအမြဲလို နေခဲ့ရသူမို့ သူတို့ နှစ်ယောက်အကြောင်းလေးတွေကို ပြောပြချင်ပါတယ်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော် တက္ကသိုလ်မှာဘွဲ့ရသောအခါ အလုပ်တစ်ခု ရှာဖွေခဲ့တယ်။ကျန်းဝမ်ရွှီရဲ့ ကုမ္ပဏီက ကျွန်တော် ပထမဆုံး အလုပ်လုပ်ဖူးတဲ့ ကုမ္ပဏီပေါ့။ထိုစဥ်အခါက ကုမ္ပဏီလေးက အလွန်သေးငယ် ပြီး ကျန်းဝမ်ရွှီကလည်းခုလို လူမျိုး မဟုတ်ခဲ့ဘူးလေ။

ကျွန်တော်ဟယ်ကျစ်ရှု ကို မကြာခဏအဲအချိန်က မြင်ခဲ့ရတဲ့အချိန်ပေါ့။သူကလေ အရမ်းတော်တဲ့သူ၊နူးညံ့သိမ်မွေ့တဲ့ သူတစ်ယောက်ဖြစ်ပြီး လုံးဝဒေါသမထွက်တတ်သူ တစ်ယောက်ပေါ့။သူ့ကိုလေ ဘယ်အချိန်
ကြည့်ကြည့် အမြဲတမ်း သူ့မျက်နှာလေးက ပြုံးနေတာပဲ ။သူကလေ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝ အရာရာတိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ခဲ့တယ်။မကြာခဏ
ပြသနာ တွေ ဖြစ်ဖြစ်နေခဲ့ပြီး ကျန်းဝမ်ရွှီ ရဲ့ လိုအင် ဆန္ဒတွေနဲ့ ပတ်သက်ပြီး သူ အိမ်မှာပဲနေဖို့ လိုအပ်လာခဲ့တယ်ပေါ့။

တခါက သူတို့နှစ်ယောက် နားနေခန်းလေးမှာ နမ်းနေတာကို တံခါးတစ်ဝက် ပွင့်နေလို့ ကျွန်တော် တွေ့ခဲ့ရတယ်။အဲဒီတော့မှာ ကျွန်တော်သူတို့ကို လိင်တူ ချစ်သူ စုံတွဲ လို့ သိခဲ့တာ။ကျွန်တော်သိသွားတော့လဲ သူတို့နှစ်ယောက် က ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့ပါတယ်။သူတို့နှစ်ယောက်ကလေ အရမ်းလိုက်ဖက်တဲ့ စုံတွဲလေးဖြစ်ပြီး အားလုံးကိုလည်း ထူးထူးခြားခြား စိတ်အနှောင့်အယှက်လဲ မပေးခဲ့ဘူး။သူတို့နှစ်ယောက်ကလေ တစ်ယောက်နဲ့ တစ်ယောက်အရမ်း ချစ်ကြတယ်။အဲ့ချိန်တုန်းကလေ ကျွန်တော်တောင် မနာလိုဖြစ်မိတယ်။လိင်တူချစ်သူတွေမှာ သူတို့လို တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိ နဲ့ အရမ်းချစ်ကြတဲ့သူက ရှားတယ်လေ။

ကျန်းဝမ်ရွှီကလည်း ဟယ်ကျစ်ရှုကို အရမ်းချစ်တယ်။ကျွန်တော် သူ့ မျက်လုံးတွေကို ပြောမပြတတ်ဘူး။သူကလေ သူ့ခံစားချက်တွေကို ဘယ်တော့မှ မဖုံးကွယ်တတ်ဘူး။
သူကလေ ဟယ်ကျစ်ရှုကို အမြဲတမ်း ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းတွေနဲ့ကို ကြည့်ခဲ့တာ။ကျန်းဝမ်ရွှီကဒေါသအရမ်းကြီးတယ်။သူ ဒေါသ အရမ်းထွက်နေတဲ့ အခါတိုင်း ကျွန်တော် တို့ ဝန်ထမ်းတွေက ဟယ်ကျစ်ရှု ရဲ့ ရုံးခန်း ထဲမှာ သွားသွားပုန်းနေခဲ့ရတယ်။တဖြေးဖြေးနဲ့ ကျန်းဝမ်ရွှီက ကျွန်တော်နဲ့ ပိုပို ပြီး ရင်းနှီးလာတယ်။သူ့ခြေထောက်ကို တောင် ကျွန်တော်ဆွဲပြီး သူ့ကို မေးဖူးတယ်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now