EP68(U+Z)

1.7K 167 0
                                    

(U)

EP68ရင်နင့်စေသောမှတ်ညာဏ်တချို့


မိုးလင်းစအချိန် တွင် ကျစ်ရှုနိုးလာခဲ့သည်။
အိုက်ကျိယွီ ကုတင်ဘေးတွင်ထိုင်နေရင်း
သူအတော်လေးပင်ပန်းနေသော်လည်း
နိုးလာတဲ့ကျစ်ရှုမျက်နှာလေးကြောင့်
အားအင်တွေချက်ခြင်းပင် ပြန်ပြည့်လာ
သလိုခံစားလိုက်ရသည်။

"မင်းနိုးလာပြီလား ?"

အိုက်ကျိယွီ မတ်တပ်ထရပ်ပြီး ကျစ်ရှု
နဖူးလေးအား စမ်းလိုက်သည်။

"ပူနေတုန်းပဲ...ကိုယ်သိတယ် ဒီတခေါက်
မင်းအဖျားက အတော်ဆိုးတယ် "

ဆရာဝန်တစ်ယောက်အခန်းထဲသို့ဝင်လာပြီး သူ့ဆေးပိုက်အား အနည်းငယ် ဖြည့်ရင်းချိန်ညှိလိုက်တယ်။ကျိယွီက အရမ်း နှေးလွန်းသည်ဟုထင်သည်မို့ အနည်းငယ် ပြန်၍
ချိန်ညှိလိုက်ချိန်ဆရာဝန်ကတော့ သူရှိနေသည်မို့ နောက်တခေါက်ပင်ထပ်မလာတော့ ဘူး။

ကျစ်ရှုကပါးစပ်လေးဟပြီးသူ့ကို တခုခုပြောချင်ပုံရနေလျက်မျက်မှောင်ကြုတ်ကာကြည့်လာရင်း လက်ချောင်း များကိုကွေးရန်
ခက်ခက်ခဲခဲ ကြိုးစားနေခဲ့သည်။

ကျိယွီက အလျင်အမြန်ပင် ကျစ်ရှုလက်လေးအားဆုပ်ကိုင်ပေးလိုက်ရင်း ...

"ဘာမှစိတ်မပူနဲ့ နော် "

ထို့နောက် ကျိယွီက သူ့အားတစ်ခုခုပြောစရာရှိနေပုံရသည့် ကျစ်ရှုအနားသို့ တိုးကာငုံ့ပေးလိုက်ရင်းပြောလိုက်မိသည်။

"ကိုယ်နားထောင်နေတယ် "

ကျစ်ရှုကသူ့ကို ပြုံးပြလာရင်း အသံတွေပင်
အက်ကွဲနေလျက် တိုးတိုးလေးသာထွက်လာခဲ့သည်မို့ ခက်ခက်ခဲခဲပင်အားစိုက်ကာနားထောင်နေရလျက်ရှိနေခဲ့သည်။

"ငါလေ ..ငါ့မိဘတွေကို အိပ်မက်မက်တယ်
ငါသူတို့ကို ခုလက်ရှိ အသက်ထိ အိပ်မက်မမက်တာ ကြာပြီ ။ ငါ တွေးတာကလေ ...
ဟမ်း ...ငါတွေးတာက သူတို့ငါ့ကို
မလိုချင်တော့ဘူးထင်တယ် "

ကျိယွီက ကျစ်ရှု အားချစ်ခြင်းအတိရှိနေ
သောမျက်ဝန်းညိုများဖြင့် ကြည့်လျက်
ပြောလိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now