EP56(U+Z)

1.9K 216 10
                                    

EP56 CCTVမှ သဲလွန်စ

.ကျန်းဝမ်ရွှီသည် ဆေးရုံ၌ တရက်တာမျှ
ကုန်လွန်ခဲ့သည်။သူ့ ခန္ဓာကိုယ်သည် ကြိုးတစ်ချောင်းသာရှိတော့သော ရုပ်သေးရုပ်
တစ်ရုပ်ကဲ့သို့ယိုင်နဲ့နေလျက် စိတ်များမှာမူ ဗလာနတ္ထိ ရှိနေသည်ပင််။ဆရာဝန်ကသူ့ကို  ဆေးလိပ်နှင့် အရက်ဖြတ်ရန် အကြံပေးခဲ့သည်။သို့သော် သူကဆေးလိပ်မဖြတ်နိုင်သော လူတစ်ဦးဖြစ်ပြီးသူ့ကိုဆေးလိပ်ဖြတ်ရန် တိုက်တွန်းသူကလည်း သူ့ဘဝထဲမှ
ထွက်ခွာသွားပြီမို့ ဆရာဝန်ရဲ့အကြံပေးချက်က သူ့အတွက်အသုံးမဝင်တော့သည်မှာ
များစွာသေချာလျက်ရှိနေခဲ့သည်။

သူ့တစ်ဘဝလုံးတွင် တန်ဖိုးအထားရဆုံးနှင့်
အချစ်ရဆုံးကောင်လေးတစ်ယောက်ရှိခဲ့ဖူးသည်။ကျောင်းသားဘဝထဲကပင်
စစမြင်မြင်ချင်း သူ့အတွေးထဲက မထွက်နိုင်သည့် ထိုကောင်လေးကအလွန်ပင်ချစ်ဖို့ ကောင်းခဲ့သည်။သူ့အပြုံးလေးများက
ပန်းတကာတို့ထက် လှပချိုမြိန်ပြီး
ပြုံးလိုက်သည့်တခဏပါးပြင်တစ်ဖက်ရှိ
ချစ်စရာပါးချိုင့်လေးက မြင်ရသူကို အေးချမ်းစေခဲ့သည်။ထို့နောက်သူတို့
ပေါင်းစည်းကာ နှစ်ပေါင်းများစွာအတူနေလာကြသည်။သူတို့နှစ်ယောက်သည်သာမန်လူတို့ မခံစားနိုင်သည့် အကြီးမားဆုံးသော အခက်အခဲများနှင့်ပြသနာများစွာ ကိုလည်းရင်ဆိုင်ခဲ့ကြသည် ။သို့ပေမယ့် ဘဝကြီးက ငြိမ်သက်ကောင်းမွန်လာချိန်တွင် ထိုသူနှစ်ယောက်ကအရာအားလုံးပြောင်းလဲလာခဲ့သည်။ကျစ်ရှုရဲ့အပြုံးတို့ကပိုမိုရှားပါးလာကြပြီးပို၍ပင်တိတ်ဆိတ် ငြိမ်သက်လာခဲ့သည်။
မျက်လုံးများကလည်း ထိုနည်းတူပင်တနေ့ထက်တနေ့ ဝမ်းနည်းမှုများနှင့်သာပြည့်လာခဲ့သည်။ထိုအရာအားလုံးကသူဆိုသည့်
ကျန်းဝမ်ရွှီ၏အမှားများပင်ဖြစ်ချေ၏။
သူ့နှုတ်ခမ်းတွေကို ဖောင်းကြွကာနာကျင်
လာသည်အထိကိုက်ထားမိလျက်ဤအခိုက်အတန့်ကိုသူလုံးဝပင် မငိုနိုင်တော့အောင် ဝမ်းနည်းနေမိသည်။

ဖုန်းမြည်မလာခင်အချိန်ထိ သူ့အတွေးများကအတိတ်သို့သာရစ်ဝဲနေခဲ့သည်။ထို့နောက် အခန်းအပြင်သို့ ထွက်ပြီးဖုန်းကိုင်လိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now