EP35(U+Z)

2.4K 286 8
                                    

..EP35ကျန်းဝမ်ကတောင်ပြောပြီ

.ကမ္ဘာပေါ်ရှိ ထိန်းချုပ်မရနိုင်သော
အရာများသည် များစွာရှိနေသကဲ့သို့
ထိုအထဲတွင်ပင် လူတို့၏ စိတ်နှလုံးသားသည်လည်း ပါဝင်လျက်ရှိနေခဲ့လေသည်။
ထိုစိတ်နှလုံးသည် မသိမသာ တဖြေးဖြေး
ပြောင်းလဲတတ်သောကြောင့်ပင်
ဖြစ်လေသည်။ကျန်းဝမ်ရွှီကသူ့ရဲ့
လွန်ကျူးပြီးအရိုင်းဆန်တဲ့ အပြုအမူ
များအတွက် ယခုတွင်အလွန်ပင်
နောင်တရလျက်ရှိနေခဲ့ရသည်။
သူကအင်မတန်မှပင်နူးညံ့ကာအေးဆေးလှသော ကျစ်ရှုအားသူအင်မတန်မှပင်
ကာကွယ်ပေးချင်ခဲ့သောကျစ်ရှုအား
သူကိုယ်တိုင်ပင် ထိခိုက်နာကျင်မှုများ
ဖြစ်စေခဲ့ရသည်။ ကျစ်ရှုထက်သူ့အပေါ်
မည်သူကမှ ပိုမကောင်းနိုင်မှန်း သိရက်နှင့်ပင်
သူ့ဘေးနားတွင် ကျစ်ရှုလောက်မည်သူမှ
သည်းမခံနိုင်မှန်း သိလျက်နှင့်ပင်
အပြင်ဖက်ရှိ ချစ်သူများထားခဲ့မိခြင်းအား
သူ့ကိုယ်သူပင် အပြစ်တင်နေမိခဲ့သည်။

ပြဿနာများစွာဖြစ်ခဲ့ပြီးနောက်တွင်
မမေ့နိုင်သော ကိစ္စများကကိုယ်စီ၏ နှလုံးသားများတွင် ဒဏ်ရာများနဲ့အတူ အမာရွတ်များကတည်ရှိလာကြသည်။
ကျန်းဝမ်ရွှီသည် ယခုအချိန်တွင်ကျစ်ရှုအား ကိစ္စများစွာ အတွက်တစ်ခုခုကိုရှင်းပြလိုသော်လည်း ယခုတွင်မူ ကျစ်ရှုအားချိုသာစွာ ပြောပြီးရှင်းပြဖို့သူ့တွင်အားအင်များကုန်ဆုံးနေခဲ့ရသည်။ဘယ်ကနေဘယ်လို ရှင်းပြရမည်နည်း။စီးပွားရေးကြောင့်ပါဟုကာကွယ် ပြောရန်သည်လည်း အကြောင်းအရင်းကမူ
ခိုင်လုံမနေခဲ့။သူလုပ်နိုင်သည်ကာ
ကျစ်ရှုအားတင်းတင်းဖက်ကာ သူ့ကိုမထားခဲ့ရန်သာတောင်းပန်ရမည်ဖြစ်သည်။

ကျစ်ရှု၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေသည်
အလွန်ပင်ဆိုးဝါးနေလျက် ယခုမူ ခဏမျှ အိပ်ပျော်သွားပြီးသူ့ရဲ့ပုံကအလွန်ပင်အေးစက်နေသည်မို့ကျန်း၏ရင်ဘတ်အကျီအား ဆုပ်ကိုင်ကာအိပ်ပျော်နေလျက်ရှိနေသည်။
ကျန်းဝမ်ရွှီသည် ကျစ်ရှု၏ မျက်နှာအား
နူးညံ့စွာပင်သူ၏လက်ချောင်းလေးများဖြင့်
ထိကိုင်ရင်း ကျစ်ရှုကသူ့အပေါ်အလွန်ပင် ချစ်ပြီးသူ့ကိုများစွာသည်းခံခဲ့သော်လည်း ယခုအကြိမ်တွင်သူအပြုအမူကြောင့် ကျစ်ရှုသူ့ကိုထားကာသူ့အနားမှထွက်ခွာသွားမည်ကိုများစွာစိတ်ပိုင်းဖြတ်ထားပုံရနေခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Tahanan ng mga kuwento. Tumuklas ngayon