EP29(U+Z)

2.1K 263 2
                                    

..EP29တွက်ကပ်ခြင်းမရှိသည်းခံသူ

..ကျန်းဝမ်ရွှီသည် အမှန်တကယ်ပင်အလုပ်များနေခဲ့ရင်း အိမ်မှပင် ဟယ်ကျစ်ရှုအနီးနေနေ သော်လည်း ဖုန်းများပင်ဆက်တိုက် ဖြေနေရလျက်ရှိနေခဲ့လေသည်။

ကျန်းဝမ်ရွှီသည် အတွင်းရေးမှုးအား ဖုန်းဖြင့်
ချိတ်ဆက်ညွှန်ကြားပြီးနောက်
ကျစ်ရှု၏ညဝတ်အကျီလေးက
ကော်လာကို သေချာစွာ ပြင်ဆင်ပေးနေရင်း
ကျစ်ရှုအား အကျီလဲလာပေးခဲ့သည်။
ထို့နောက်သူချက်ပြုတ်ထားသော
နှံစားပြောင်း ဆန်ပြုတ်အားတဇွန်းချင်းစီ
ခွံ့ ကျွေးလာခဲ့သည်။

"ဒါလေးကို အစာရှိအောင်စားလိုက်နော်
ပြီးရင် မင်းလှဲနေ ငါမင်းနဲ့အတူ
နေပေးမယ် ကောင်းကောင်းအနားယူနော်"

ဟယ်ကျစ်ရှုသည် ဆန်ပြုတ်အား
တိတ်ဆိတ်စွာ စားနေရင်း
သူတခုခု ပြောမည် ပြုနေစဥ်တွင်
ကျန်းဝမ်ရွှီ၏ ဖုန်းသည် ထပ်မံ၍
မြည်လာခဲ့လေသည်။

ကျန်းဝမ်ရွှီသည် သူ့လက်ထဲရှိ
ဆန်ပြုတ်ပန်းကန်အားခဏဘေးသို့ချကာ
ဖုန်းကို ကောက်ယူကြည့်လိုက်သည်။
သို့သော် ထိုခဏ၌ သူ ၏ မျက်နှာသည်
ဖုန်းမျက်နှာပြင်ပေါ်ရှိနံပါတ်အား
တွေ့လိုက်ရချိန်တွင် ချက်ချင်းပင်မဲမှောင်သွားသည်ကိုတွေ့ ရကာ ဖုန်းအားပိတ်ချလိုက်သည်ကို တွေ့လိုက်ရလေသည်။ထို့နောက်တွင် ချက်ခြင်းပင်ကျစ်ရှုအားပြန်ပြုံးပြလာရင်းပြောလာခဲ့လေသည်။

"ကိုယ် တောင်းပန်ပါတယ်
မင်းနဲ့ အ ဖော်ပြု ပေးနေပါတယ်ဆိုမှ
အလုပ်ကိစ္စတွေ ကုမ္ပဏီကိစ္စတွေက
တောက်လျောက်လာနှောင့်ယှက်နေတယ်
ကိုယ် ဖုန်းပိတ်လိုက်ပြီမင်းစိတ်မရှုပ်
အောင်လို့ "

ဟယ်ကျစ်ရှုသည် ကျန်းဖုန်းအား ခေါ်သူ၏
နာမည် မှာ ရှန်ဟု သူ တွေ့ လိုက်သော်လည်း
သူမ မြင်ဟန်ပင်ဆောင်ပေးခဲ့လိုက်သည်။

လက်ရှိတွင် ကျန်းဝမ်ရွှီ၏
စိတ်ခံစားချက်များသည်
လုံးဝမျှ ကောင်းမနေခဲ့ပါချေ။
တကယ်တော့ ကျစ်ရှုအားလက်ရှိတွင်
ပြုံးပြနေရသော်လည်း စိတ်ထဲ၌
ဒေါသများ အရမ်းပင် ထွက်နေ ခဲ့ရင်း
ရှန်ကျွီအား သတ်ချင်စိတ် များပင်
ဖြစ်ပေါ် နေမိသည်။ကျန်းဝမ်ရွှီသည်
ရှန်ကျွီ၏ လှပသော မျက်နှာတခုမှလွဲ၍ တခြားစရိုက်များကိုလျစ်လျူရှုကာရွေးချယ်ခဲ့သည်။ကျန်းဝမ်ရွှီ သူ့ဆီဖုန်းဆက်တိုင်း
ရှန်ကျွီသည် အလွန်အမင်း ပျော်နေလေ့ရှိခဲ့ပြီး သူဘယ်ချိန်ပင် အလိုရှိရှိ သူ့အားဖြည့်ဆည်းပေးတတ်သည်။ရှန်ကျွီ၏အပြုံးသည် ကျစ်ရှုလောက် မလှသော်လည်းနွေးထွေးသည်။ကျန်းဝမ်ရွှီသည်သူ့အား
ချစ်ခင်စိတ်ဝင်မိသည်မို့ သူ့ဘေးနားတွင်
နှစ်နှစ်ကျော်မျှထိအချိန်ကြာမြင့်စွာ
ရှန်ကျွီ ကနေနိုင်ခဲ့ ခြင်းသာဖြစ်လေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Tahanan ng mga kuwento. Tumuklas ngayon