EP16(U+Z)

2.5K 327 5
                                    

..EP16အတိုချုပ်ဆက်နွယ်ခြင်း

..ဟယ်ကျစ်ရှုသည်ကြောင်လေးများအား
သူတို့၏ အိပ်ရာလေးထဲတွင်ပြန်ထားကာ
ခြင်းတောင်းလေးအား ဧည်သည်များလာလျှင်တည်းခိုရန်ထားသောအခန်းထဲတွင် ပြောင်းရွေ့ထားလိုက်သည်။
ကျန်းဝမ်ရွှီက သူအား အိပ်ရာမဝင်မီ ခန္ဓာကိုယ်အားသေချာစွာဆေးကြောသန့်စင်ရန်နှင့် အဝတ်များလဲလိုက်ရန်ပင်ထပ်မံမှာ
ကြားလာလေသည်။

ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှုအား ပျော့ပျောင်းသောအိပ်ရာပေါ်သို့ဆွဲယူလိုက်ရင်း ကျစ်ရှုအားတင်းကြပ်စွာဖက်တွယ်လာလေသည်။ထို့နောက် ကျန်းဝမ်ရွှီသည်
သူ၏ မျက်နှာအားကျစ်ရှု၏ ရင်ဘတ်ပေါ်တွင်ဖိမြုပ်လိုက်ပြီး အနံ့ခံသောခွေးလေးတစ်ကောင်ကဲ့သိူ့နှာခေါင်းတရှုံ့ရှုံ့ဖြင့်တိုးကပ်လာရင်း

!ဘာနံ့လဲမသိဘူး အနံ့တစ်ခုခုရနေသလိုဘဲ!

ဟုပြောကာ ကျန်းဝမ်ရွှီ၏ အသက်ရှုသောလေငွေ့ကပင်သူ၏လည်ပင်းကို ထိခတ်လာလျက် စူးစမ်းလာခဲ့သည်။ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှု၏ ကော်လာစအား
လှပ်လာသည်မို့ ဟယ်ကျစ်ရှုသည်
ပေါ့ပါးစွာဖြင့်ကျန်းဝမ်ရွှီအား
အဖြေပြန်ပေးလိုက်လေသည်။

!ဟုတ်တယ် ကြောင်သေးသေးလေးတွေရဲ့
အနံ့ထင်တယ် !

ကျန်းဝမ်ရွှီ၏ ပုံစံသည် ရယ်စရာဖြစ်လာနေသည်မို့ကျန်း၏ နဖူးအားခပ်ဖွဖွနမ်းလိုက်ရင်း

!ငါမင်းဘေးမှာမအိပ်တော့ဘဲ
ဧည့်သည်ခန်းမှာကြောင်လေးတွေနဲ့
သွားနေလိုက်မယ်လေ!

ထိုအချိန်တွင် ကျန်းဝမ်ရွှီသည်
သူ့အားအုပ်မိုးကာကြည့်လာရင်း

!မလိုပါဘူး ငါက အခု မင်းကိုလိုချင်နေတာ!

ကျစ်ရှု၏ မျက်နှာနှင့်လည်ပင်းတဝိုက်တွငိ အနမ်းများကခပ်စိတ်စိတ်ဖြင့် ကျရောက်လာခဲ့လေသည်။ထို့နောက်တွင်ရင်ညွန့် ဝမ်းဗိုက်ရှိနူးညံ့သောအစိတ်အပိုင်းများထိပင်ဆက်နွယ်ပွတ်သပ်လာလျက် သူ၏ အလိုဆန္ဒတို့အား
တောင်းဆိူလာနေခဲ့သည်။ကျန်းဝမ်ရွှီ၏
နိုးဆွမှူတိူ့ကြောင့် ငြီးသံတချို့ပင်ပွင့်ဟလာခဲ့ပြီးသူ၏ ခန္ဓာကိုယ်ကတော့မူ ကျန်းဝမ်ရွှီ၏ ပြင်းစွာသောအလိုဆန္ဒတိူ့နောက်သို့လိုက်မမီဘဲရှိနေခဲ့လေသည်။ကျစ်ရှု၏ တိုးညှင်းသောငြီးသံတချို့သည် ကျန်းဝမ်ရွှီ၏စိတ်အားထကြွလာစေလျက် ပို၍ လိုချင်စိတ်အား
ဖြစ်လာစေသည်လားမသိကြမ်းတမ်းစွာပွေ့ဖက်နမ်းရှုံ့ကာလက်များကမူ အစပျိုးမှုများနှင့်အတူနေသားကျစွာ
လှုပ်ရှားလျက်ရှိနေလေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now