အမျိုးမျိူးတွေးတောပြီးတော့ ချူးလျန်က ဆက်ပြီး လူးလှိမ့်မနေတော့ဘူး၊ မျက်လုံးမှိတ်ပြီး အသက်ရှုသံမှန်မှန်နဲ့ အိပ်ပျော်သွားတော့တယ်။

ရှီယန်က ညတာဝန်ကျနေတော့ ချူးလျန်ရဲ့ ခန်းအပြင်ဘက်မှာ စောင့်ကြပ်နေတယ်၊ အထဲနေ ဘာသံမှ မကြားရတော့ဘူးဆိုမှ ဘဲ သူမလည်း ဝင်အနားယူလိုက်တယ်။

နောက်နေ့မှာတော့ လူပျင်းလေး ချူးလျန်က အစေခံတွေ လာမနှိုးခင်မှာဘဲ ထလာခဲ့တယ်။

အကြီးတန်းအစေခံကျုံး အခန်းထဲဝင်လာတော့ ချူးလျန်က ပန်းနုရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ထားတာကို တွေ့လိုက်တယ်၊သူမရဲ့ နက်မှောင်ပြီး နူးညံ့နေတဲ့ ဆံပင်တွေကို မြင့်မြင့်‌မြှောက်စည်းထားပြီးတော့ သူမ ခါးနားမှာ ဝဲဖြာသွားတယ်။

အစေခံကျုံးတောင် ငေးမောမိသွားတယ် ၊ခဏကြာမှ တည်ငြိမ်အောင် ပြန်ထိန်းပြီးတော့ ပြောလာတယ် "တတိယသခင်မလေး ဒီနေ့ဘာလို့ ဒီလို ဝတ်ထားတာလဲ ?"

ချူးလျန်က ဆံပင်ကို တင်းအောင် ပြန်ချည်ပြီးတော့ လက်မောင်းတွေကို လွှဲလိုက်တယ် ၊ပြီးတာနဲ့ ဖိနပ်ရှည်ကို စွပ်လိုက်တယ်၊ အားလုံးပြီးသွားမှ အစေခံကျုံးကို ကြည့်ပြီး ပြုံးပြလိုက်တယ် " မနက်ခင်း လေ့ကျင့်ခန်းလေး နည်းနည်းလောက် လုပ်ဖို့ပါ "

အစေခံကျုံးရဲ့ မျက်နှာက နီရဲလာတယ် " မနက်ခင်း....လေ့ကျင့်ခန်း?"

သူမ သိသလောက်တော့ သခင်နဲ့ သခင်ငယ်လေးတွေ အားလုံးက မနက်ခင်းဆို ကိုယ်ခံပညာကို လေ့ကျင့်ကြတယ် ၊အထူးသဖြင့် တတိယသခင်လေးဘဲ  သူက အပြင်က ရာသီဥတု ဘယ်လိုဘဲ ရှိနေပါစေ လေ့ကျင့်တာကို တရက်မပြတ်ဘူး၊ ဒါကဘာလို့လဲ‌ဆိုတော့ ကျင်းအန်အိမ်တော်က စစ်မက်ရေးရာ အိမ်တော်ဖြစ်နေလို့လေ၊သူတို့သာ နေရာရချင်ရင် သူတို့ရဲ့ စွမ်း‌ရည်တွေ ပိုတိုးအောင်လုပ်ဖို့ လိုတယ်၊ ဒါပေမယ့် တတိယသခင်မလေးကတော့ မျက်နှာပေါ်က အဆီလေးတွေတောင် မပျောက်သေးတဲ့ ဆယ်ငါးနှစ်အရွယ် မိန်းမငယ်လေးလေ၊ သူမရဲ့ မနက်ခင်းလေ့ကျင်းခန်းဆိုတာကြီးက ရယ်စရာကောင်းမနေဘူးလား ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now