ဘာမဆို အတုအယောင်တွေ ဖြစ်နေနိုင်တယ်၊သာမန် မျက်စိနဲ့ မြင်နိုင်တာတွေ၊ လူတွေရဲ့ မျက်နှာ အနေအထားတွေ ဒါတွေအားလုံးက အခြားသူတွေကို လှည့်စားသွားနိုင်တယ်။

ရှီယန်ရဲ့ အကြည့်တွေကတော့ သူမ သခင်မလေးဆီမှာဘဲ ရှိနေတယ်၊ ချူးလျန်ရဲ့ မျက်ခုံးတွေ တစ တစတွန့်ချိုးလာတာကို မြင်တော့ သူမရဲ့ ခံစားချက်တွေပါ မကောင်းတော့ဘူး ၊ဒါနဲ့ အရဲစွန့်ပြီးမေးလိုက်တယ် "တတိယသခင်မလေး တစ်ခုခုများ ဖြစ်လို့လား ?"

ချူးလျန်က လက်ရှိကို ပြန်ရောက်လာပြီးတော့ ဘာမှ ဖုံးကွယ်မထားဘဲနဲ့ စာကို ရှီယန်ကို လှမ်းပေးလိုက်တယ်။

ရှီယန်ကလည်း စာကို ယူပြီး ဖတ်ကြည့်လိုက်တယ်၊ အထဲမှာ အများကြီးရေးမထားဘူး၊ လဝက်လောက်ကြာရင် တွေ့ဆုံဖို့ တောင်းဆိုထားတာလေးတင် ၊ရှောင်ပိုကျင်းက အင်ပါယာစာမေးပွဲကို ထိပ်ဆုံးကျောင်းသားအဖြစ်နဲ့ အောင်မြင်ခဲ့တယ်၊ မြို့စားအို ယင်က သူရဲ့ ဆရာဖြစ်နေတော့ ယင်အိမ်တော်မှာ အောင်မြင်ခြင်း အခမ်းအနား တစ်ခု ကျင်းပပေးလိမ့်မယ်။

ရှောင်ပိုကျင်း ပြောချင်တာက ချူးလျန်က သူမအိမ်တော်ကို ပြန်ဖို့ ဒီအခွင့်အရေးကို သုံးသင့်တယ်ပေါ့။

ရှီယန်က ချူးလျန်ကို စိုးရိမ်တကြီး ကြည့်လိုက်တယ် "တတိယသခင်မလေး ၊ သခင်မလေးက ပြန်...ပြန်ချင်တာလား ?"

ချူးလျန်က ရှီယန်အမေးကို ပြန်မဖြေခင် ပြန်မေးလိုက်တယ် "ရှီယန် ငါ သွားသင့်တယ်လို့ နင်ထင်လား ?"

ရှီယန်က ချူးလျန်ကို ဆက်မကြည့်ရဲတော့ဘဲ အကြည့်လွှဲလိုက်တယ် ၊ခဏလောက်ကြာမှ ဖြစ်ညစ်ပြီး ပြောလာတယ် "ရှောင်သခင်လေးရဲ့ အဆင့်အတန်းက အရင်ကလို မဟုတ်တော့..."

ချူးလျန်က လှောင်ပြုံး ပြုံးလိုက်တယ်၊ အရင်ကလို မဟုတ်တော့ဘူး ၊သူက ထိပ်တန်းကျောင်းသားလေး ဖြစ်နေရုံတင်ပါ ၊သူ့နောက်ကွယ်မှာ လျှို့ဝှက် အဖွဲ့စည်း ရှိနေရင်တောင် ဘာဖစ်သေးလဲ ၊ချူးလျန်ဆိုတဲ့ သူမကလည်း အခြားသူတွေရဲ့ အမိန့်စကားတွေကို လွယ်လွယ် လိုက်နာမယ့်သူ မဟုတ်ဘူး။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now