သခင်မကြီးဟေးရဲ့ အမိန့်အရ သခင်မကျိုးက လဝက်တိတိ အကျယ်ချုပ်ကျခံရတယ်၊ဒီတော့ အိမ်တော်ရဲ့ ကိစ္စအဝဝက သခင်ကြီးဟေးလက်ထဲ ပြန်ရောက်လာတော့တယ်၊

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချူးလျန် ကျင်းချီ ခန်းမဆီ သွားလည်တော့ သခင်မကြီးဟေးက ချူးလျန်ကို အကြာကြီးဆွဲထားပြီး အိမ်တော်ရဲ့ ငွေစာရင်းစာအုပ်တွေပြပြီး ကိစ္စရပ်တွေကို ကိုင်တွယ်ခိုင်းတယ်။

ချူးလျန်က အိမ်တော်ကို စီမံဖို့ရာ လုံးဝ စိတ်မပါလှတဲ့ အပျင်းထူလေးသာမဟုတ်ဘူးဆိုရင် သခင်မကြီးဟေးက ချူးလျန်ကို သခင်မကျိုးနေရာမှာ ယာယီ အစားထိုးပြီး ကိုင်တွယ်ခိုင်းလိမ့်မယ်။

မျက်စိတစ်မှိတ်အတွင်းမှာဘဲ အောက်တိုဘာလလယ်ကို ရောက်လာခဲ့ပြီ ၊ဒီရက်တွေမှာ ချူးလျန်က ရှောင်လွှဲလို့မရနိုင်တဲ့ အနှောက်အယှက်ကောင် ရှောင်ပိုကျင်းနဲ့ မတွေ့စေဖို့ အိမ်တော်ကနေ အပြင်ကို မထွက်ခွာခဲ့ဘူး။

ဒီအချိန်မှာတော့ မင်းသမီးတွမ့်ကျားက မင်းသမီးဝေ ပြန်ပေးလိုက်တဲ့ လက်ဆောင်တွေနဲ့အတူ သူမဆီကို လာလည်တယ်။

သူမ မပြန်ခင်မှာ ချူးလျန်က မင်းသမီးတွမ့်ကျားနဲ့ ယှဉ်တွဲပြီး ခြံဝန်းဘေးမှာ ခဏတဖြုတ်လမ်းလျှောက်ကြတယ်၊ အပြင်ခြံဝန်းက စာကြည့်ခန်းထိတောင် သူတို့သွားခဲ့ကြသေးတယ်၊ ဒါပေမယ့် တချို့ အကြောင်းပြချက်လေးတွေကြောင့် မင်းသမီးတွမ့်ကျားက မပျော်မရွှင်ဖြစ်နေတယ်။

ချူးလျန်မှာလည်း စဉ်းစားစရာတွေ အများကြီး ရှိနေတယ် ၊ဒါပေမယ့် သူမက ဒါတွေကို နှိုက်နှ်ုက်ချွတ်ချွတ်တွေးမနေတော့ဘူး။

ချူးလျန်နဲ့ မင်းသမီးတွမ့်ကျားက နှစ်ယောက်ပေါင်းပြီး လက်ဝတ်ရတနာဆိုင်ဖွင့်ဖို့ ဆွေးနွေးတိုင်ပင်နေကြတယ်၊ဒီတကြိမ်မှာတော့ မင်းသားဝေအိမ်တော်က ဦးဆောင်မှာဆိုတော့ သူမ အများကြီး စိတ်ပူနေစရာမလိုဘူး၊ အကုန်လုံးကို မင်းသမီးဝေရဲ့ လူတွေက စီစဉ်လိမ့်မယ်၊ သူမ လုပ်ရမှာက လစဉ် လက်ဝတ်ရတနာ ဒီဇိုင်းလေး ဆွဲပေးရုံဘဲ။

လက်ရှိမှာတော့ ချူးလျန်က သူမ အခန်း ပြတင်းပေါက်ဘေးက သစ်သားကုလားထိုင်မှာ ပျင်းတိပျင်းရွဲနဲ့ ထိုင်နေတယ် ၊လက်တစ်ဖက်ကလည်း စာအုပ်ကို ကိုင်ထားသေးတယ်၊ပြီးတော့ စာမျက်နှာ တစ်ခုတည်းကိုဘဲ အကြာကြီး ကြည့်နေတယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now