ဟေးချန်ကျီရဲ့ မျက်နှာက အေးစက်စက်အမူအရာရှိတယ်၊ သူက အရပ်ရှည် သန်မာပြီး အသားညိုတယ် ၊ဒါ့အပြင် ကျင်းအန်မြို့စားရဲ့ လေးထောင့်ဆန်ဆန် မျက်နှာထားကိုပါ ပိုင်ဆိုင်ထားတယ်၊ ဒီလို အေးစက်စက်မျက်နှာထားနဲ့ဆိုတော့ သူ့နားကပ်နိုင်ဖို့ မလွယ်ကူလှဘူး။

ဟေးချန်ကျီရဲ့ နောက်ဘက်မှာတော့ ဖျော့တော့နေတဲ့ သခင်မကျိုးဘဲ၊သူတို့ အိမ်တော် ကိုပြန်တဲ့လမ်းမှာ သူမက သူမခင်ပွန်းရဲ့ လက်ကိုဆွဲထားချင်ခဲ့တာ၊ ဒါပေမယ့် သူမ ဂုဏ်သိက္ခာနိမ့်သွားသလို ခံစားရတော့ မလုပ်နိုင်ခဲ့ဘူး၊ သူတို့ အိမ်တော်ကို ပြန်ရောက်တဲ့ အချိန်မှာတောင်မှ ဒီစုံတွဲမှာ စကားတခွန်းမှ မဆိုကြဘူး။

သခင်မကြီးဟေးရဲ့ အစေခံလျိုက သူတို့နောက်ကနေ တပါတည်း လိုက်ပါလာတယ်၊ သူမအကြည့်မလွှဲခင်အထိကို ဒီစုံတွဲက တိတ်ဆိတ်နေတုန်းဘဲ။

သူတို့ ဧည့်ခန်းဆီ ရောက်တော့ ဟေးချန်ကျီဆီမှာ တောင်းပန်ခယနေရမယ့်အစား သခင်မကျိုးကတော့ သူမရဲ့ မအီမသာ မျက်နှာပေးနဲ့ဘဲ ဆက်ရပ်နေတယ်၊
ဒီအပြုအမူက ဟေးချန်ကျီကို တကယ်စိတ်ပျက်သွားစေတယ်။

သူတို့နဲ့ မနီးမဝေးမှာ ရပ်နေတဲ့ အစေခံလျိုတောင်မှ မသိမသာ ခေါင်းခါမိတယ်၊သခင်မကျိုးက ဇနီးသည်တယောက်ရဲ့ တာဝန်တွေကို တကယ်မသိနားမလည်တာဘဲ၊ သူမနဲ့ သူမခင်ပွန်းကြားက မဖောက်မပြန်သစ္စာရှိတဲ့ ဆက်ဆံရေးအခြေအနေကို စမ်းသပ်ခံနေရတာတောင်မှ ခေါင်းငုံပြီးမနေဘဲ သန်မာပြီး စိတ်ကြီးဝင်နေတဲ့ ပုံစံနဲ့ ဟန်ဆောင်နေတုန်းဘဲ၊ သူမရဲ့ ဒီလိုအပြုအမူတွေက ဘယ်လိုလုပ်ကောင်းတဲ့ ရလဒ်ကို ရနိုင်မှာလဲ။

အကြီးတန်းအစေခံလျိုကတော့ ဟေးချန်ကျီနဲ့ သူ့ဇနီးဖို့ အခွင့်အရေးတစ်ခုပေးတဲ့ အနေနဲ့ လာတဲ့ လမ်းတစ်လျှောက်လုံး ဘာမှ မပြောခဲ့ဘူး၊ ဒါက သခင်မကြီးဟေးက သူမကို လျှို့ဝှက်ညွှန်ကြားလိုက်တာဘဲ၊ စိတ်မကောင်းစွာနဲ့ သခင်မကျိုးက ဒီအခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ဘူး။

သူတို့ခြံဝင်းရဲ့ ဧည့်ခန်းထဲမှာတော့ခင်ပွန်းနဲ့ ဇနီး နှစ်ယောက်သားက သွေးအေးတိုက်ပွဲ ဆင်နွှဲနေကြတယ်၊ဟေးချန်ကျီ  ကမူလကတည်းက အစဉ်အလာတွေကို အလေးထားတဲ့ သူဖြစ်တယ် ၊ဒီလိုလူက ဘယ်လိုလုပ် ဇနီးသည်ကို ချော့မော့ဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချနိုင်ပါ့မလဲ၊ဒါကြောင့် နှစ်ယောက်ကြားက စစ်ပွဲက ပိုပို ပြင်းထန်လာတော့တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now