Chapter 15

596 59 3
                                    

Unicode

ဆက်တိုက်ထွက်ပေါ်လာသည့် Ringtone သံကြောင့် လန့်နိုးသွားသည်။

Phone ကိုလှမ်းယူပြီး ကြယ် ပို့ထားသည့် စာတွေကိုဖတ်လိုက်သည်။

"sorry ဗျာ..ညီမ ညကအိပ်ပျော်သွားလို့"

"ညီမတော့ သူများကိုနာကျင်စေမိပြန်ပြီ..ညီမကြောင့်တခြားသူစိတ်ညစ်နေရတာမျိုးမဖြစ်စေချင်ဘူးဗျာ"

"အမှန်တိုင်းဝန်ခံရရင် ညီမမှာ dark side တွေများလွန်းတယ်..အဲ့တာကြောင့် ညီမဘေးမှာ ဘယ်သူ့ကိုမှလက်မခံခဲ့ဘူး..ညီမရဲ့ပြဿနာတွေထဲ ဆွဲမသွင်းချင်လို့..တောက်လျှောက်လည်းအဲ့လိုပဲနေခဲ့တယ်"

"အခုညီမတွဲလိုက်တဲ့တစ်ယောက်ကကြ သိလာတာအရမ်းကြာနေပြီ..အဲ့ကတည်းက သူညီမကို သဘောကျလာတာအခုထိဘဲ..ဒါပေမယ့် သူက ထွက်မသွားဘဲ ငြိမ်ငြိမ်လေးဘဲရှိနေခဲ့တယ်"

"ညီမလည်း သူ့ကိုသဘောကျပေမယ့် ညီမဘဝထဲဆွဲမသွင်းချင်တာကြောင့် တောက်လျှောက်မသိချင်ယောင်ဆောင်ခဲ့မိတယ်..ဒါပေမယ့် သူကအနားကထွက်မသွားဘူး အဲ့တာကြောင့်တွဲလိုက်တာ"

"ဒါပေမယ့် ညီမရွေးချယ်လိုက်တဲ့အရာက သူများတွေကိုနာကျင်စေမိတဲ့အတွက် တောင်းပန်ပါတယ်..ညီမ ကိုကဘာဖြစ်နေမှန်းမသိပါဘူး"

ကြည့်ပါဦး..ဘယ်လောက်တောင် လိပ်ပြာလှလိုက်တဲ့ ကောင်မလေးလဲ..သူ မမှားတဲ့အရာကို တောင်းပန်‌ပြီး သူများအတွက် တွေးပေးနေပြန်ပါပြီ..သိပ်အားနာတတ်တဲ့ ကောင်မလေး။

"မဆိုင်ပါဘူး..အစ်ကိုပြောပြီးပြီလေ ညီမ ပျော်မယ်ဆို အစ်ကိုပျော်တယ်..နာကျင်ရတယ်ဆိုတာက ဒီတိုင်းသဝန်တိုလို့ပါ"

"ညီမ ဘာမှပြန်မလုပ်ပေးနိုင်တာတောင်းပန်ပါတယ်"

"ရပါတယ်..ဒီတိုင်းသိထားရင်ကိုကျေနပ်တယ်..ဒါပေမယ့် အစ်ကိုကဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူး"

"အဲ့တာကိုကြောက်တာ..အစ်ကိုက အရမ်းအချစ်ကြီးပြီး အစွဲအလမ်းကြီးတော့ အမြဲနာကျင်နေရမှာကိုကြောက်တာ"

"အဲ့လိုဆိုရင်တောင် ညီမကြောင့်မှမဟုတ်တာ..ပျော်အောင်နေပါ..ညီမပျော်ရင်အစ်ကိုပျော်တာမလို့ လွတ်လွတ်လပ်လပ်ပျော်ပေးပါ"

Fly Me to the Star( Completed )Where stories live. Discover now