Chapter 11

595 64 0
                                    

Unicode

November 9/ 11:45 p.m

ဒီနေ့မှာတော့ ကျွန်တော် မေးသင့်တာကိုမေးဖို့နဲ့ ဖြေသင့်တာကိုဖြေဖို့ အသင့်ဖြစ်နေခဲ့တယ်။ ထုံးစံအတိုင်း သူ့ account လေးကို message ပို့လိုက်ပြန်တယ်။

"တစ်ယောက်ယောက်နဲ့တွဲနေဝာာလား"

"မဟုတ်ပါဘူး ဘာဖြစ်လို့လဲ"

"မသိဘူးလေ အနေအထိုင်ဆင်ခြင်နေတယ်ဆိုတော့ ကောင်မလေး သဝန်တိုမှာဆိုးလို့ ဆင်ခြင်နေတာများလားလို့" တမင်နောက်ချင်လို့ ကောင်မလေး ဆိုပြီး သုံးလိုက်ခြင်းဖြစ်သည်။

"မဟုတ်ပါဘူး ပေါက်တက်ကရတွေ xD"

"အစ်ကို့ကိုပဲဆင်ခြင်နေတာလား ဒါမှမဟုတ် တခြားလူတွေနဲ့ကောလား"

"လူတိုင်းနဲ့..ဘယ်သူ့ကိုမှစကားမပြောဘဲ တစ်ယောက်ထဲနေနေတာ"

"ညီမ စဉ်းစားနေတယ်ဆိုတဲ့နေ့ကစပြီး အဲ့လိုဖြစ်သွားတာကွာ ဟုတ်တယ်မလား"

"ဟုတ်တယ်"

"ပြီးတော့ သူ တစ်ယောက်ယောက်ကိုချစ်နေတယ်မလား"

"ဟုတ်တယ် အဲ့တာလည်း..အဲ့တာနဲ့ပက်သက်ပြီး စဉ်းစားနေတာကြောင့်ပါ"

"သူကကောသိလား"

"မသိဘူး"

"ကောင်လေးလား"

"အဲ့တာနဲ့ပဲပေါ်တော့မယ်..မပြောပြဘူးဗျာ"

"ပြောပါနည်းနည်း အစ်ကိုလည်းကူစဉ်းစားပေးမယ်လေ"

"မစဉ်းစားနဲ့ တစ်ယောက်ထဲစဉ်းစားမယ်"

"အမှန်တိုင်းပြောရရင် သူတစ်ယောက်ယောက်ကိုချစ်နေတယ်လို့ သိလိုက်တဲ့အချိန် တော်တော်အံ့ဩသွားတာ"

"ဘာလို့လဲ"

"အချစ်ဆိုတာ ဘာမှန်းတောင်မသိသေးဘူးလို့ပြောခဲ့တာတောင် မကြာသေးဘူးလေ"

"အဲ့တာကြောင့် ကိုယ့်ဘာသာတောင်စဉ်းစားနေတာ..ခုထိမသိသေးဘူး"
သူမ ကဆက်ပြီး
"ချစ်တာရယ်လည်းမဟုတ်ပါဘူး သဘောကျတာပါ"

"ဘယ်လိုခံစားရလို့လဲ"

"သူတခြားသူကိုသဘောကျသွားမှာကိုမလိုချင်ဘူး..စကားလည်းသွားပြောချင်နေတယ်..ရင်လည်းခုန်သလိုလို"

Fly Me to the Star( Completed )Where stories live. Discover now