'ကြယ်' သိဖို့ / 'ၾကယ္' သိဖို႔

468 50 0
                                    

Unicode

ညီမကိုစကားပြောပေးချင်နေပေမယ့်..
ညီမစိတ်ကိုခန့်မှန်းလိုက်လို့လွဲသွားမှာကြောက်တယ်။

ညီမရဲ့ dark side တွေကိုရောအကုန်သေချာမြင်ပေးပြီး အနားမှာနေပေးချင်ပေမယ့်
ညီမ လိုအပ်နေတဲ့သူက အစ်ကိုမဟုတ်ဘဲ တခြားတစ်ယောက်မလား...

အစ်ကိုကတော့ နွေးထွေးမှုပေးလိုက်ပေမယ့် ညီမကတော့ စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးရိမ်တယ်။

ညီမနဲ့ခင်တာ တစ်လစွန်းစွန်းလေးပဲရှိသေးတယ်...အစ်ကို ညီမ ပုံစံ၊ ညီမ အကြောင်းကို အဝေးကနေ မြင်အောင်ကြည့်နေရတာ တကယ်ခက်တယ်ကွာ။

မင်း story highlight လေးထဲကလို အစ်ကိုမဟုတ်တဲ့ တခြားတစ်ယောက်ကိုပဲ မင်းအကြောင်းတွေပြောပြချင်တာမလား။

ရပါတယ်..
အစ်ကို့ မျက်လုံးတွေမြင်နေရသ၍ နှလုံးသားကခံစားတတ်နေသ၍ အစ်ကို အသက်ရှင်နေသ၍ တော့ ညီမ ကို မြင်နိုင်ဖို့ အစ်ကိုကြိုးစားနေမှာ..

********************

Zawgyi






ရပါတယ်..

********************

Fly Me to the Star( Completed )Where stories live. Discover now