Chapter 18 ( Final )

1.6K 65 3
                                    

Unicode

ကြယ် က သူမ ကိုယ် သူမ စိတ်ပျက်စရာကောင်းတယ် ၊ ဆိုးတယ်၊ အချိန်တန်ရင် လူတွေဟာ သူမ ကိုစိတ်ကုန်ပြီး အနားကနေထွက်သွားကြလိမ့်မယ်လို့ ထင်နေတဲ့ကောင်မလေး။

ကျွန်တော်ကတော့လေ သူမ သာ ကျွန်တော့် ကောင်မလေးဖြစ်လာလို့ကတော့

"ဆိုးတယ်ဆို၊ဟမ် ဒီလောက်ပဲလား၊ ဒီ level လောက်ကတော့ အေးဆေးသည်းခံနေနိုင်တာ၊ တော်ပြီလား ဒီလောက်၊ ဆိုးပါဦးဟာ" ဆိုပြီး မေးမေးပစ်ချင်တာ။

"ဟင့်အင်း အစ်ကိုရယ် ဒီထက်လည်းပိုမဆိုးနိုင်တော့ဘူး" ဆိုပြီး ပြန်ဖြေရလောက်တဲ့အထိ သည်းခံပေးချင်တာ။

ကောင်ဆိုးလေးက တကယ်ပဲ စိတ်ပျက်စရာကောင်းနေခဲ့ရင်တောင်
"ဘာလို့များ အဲ့လိုချစ်ဖို့ကောင်း‌အောင် စိတ်ပျက်စရာကောင်းနေရတာလဲဟာ" ဆိုပြီး စိတ်ပျက်စရာကောင်းတာလေးက အစ မေးမေးပြီးချစ်ပေးပစ်ချင်တာ။

တကယ်တော့ ကျွန်တော်ကလည်း သိပ်ကောင်းခဲ့တဲ့သူမဟုတ် သလို၊ အရာရာ နားလည်ပေးတတ်တဲ့ သူမျိုးမဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် ကျွန်တော်ဟာ ကောင်ဆိုးလေး အတွက်ဆို အမြဲ အသင့်ဖြစ်နေခဲ့တယ်။

-------------------------------------------------

အချိန်တွေကုန်လာလိုက်တာ ဘာလိုလိုနဲ့ Second Year တောင်ပြီးတော့မည်။
ကျောင်းသား၊ ကျောင်းသူတိုင်းက Final Test ထက် နှစ်ကုန် Fun Fair Night အတွက်သာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

တကယ်လည်း စိတ်လှုပ်ရှားသင့်တာပဲလေ။
ငယ်ငယ်က နိုင်ငံခြားကားတွေကြည့်လို့ high school မှာ prom night တွေလုပ်တာမြင်ရင် သိပ်သဘောကျခဲ့တာ။

အခုလည်း ညဘက် ကျောင်းရဲ့ အကျယ်ဆုံး၊ အခမ်းနားဆုံး hall ခန်းထဲမှာ မီးရောင်စုံတွေ တစ်လက်လက်နဲ့ သီချင်းတွေ ဖွင့်ရင်း၊ ဆိုရင်း၊ စားကြ၊ သောက်ကြ၊ ခုန်ပေါက်ပျော်မြူးကြရမှာလေ။

"နှိုင်း"

"ဟင်"
မင်းခန့်ရဲ့ ခေါ်သံကြောင့် တွေးလက်စ အတွေးပျက်သွားသည်။

"Fun Fair Night ရောက်တော့မယ်နော်"

"အေးလေ၊ ငါလည်း အဲ့အကြောင်းစဉ်းစားနေတာ"

Fly Me to the Star( Completed )Where stories live. Discover now