Chapter 10

588 64 0
                                    

Unicode

ကျွန်တော် ကြယ် နဲ့စကားမပြောဖြစ်တာ နှစ်ရက်ရှိသွားပြီ။ ကျောင်းမှာလဲ မတွေ့မိသလို line လည်းလုံးဝမတက်။
ဒီကောင်ဆိုးလေး နေမကောင်းပြန်ဘူးထင်တယ်။
Messenger မှာ သုံးနာရီခြားတစ်ခါလောက် စာတွေပို့ထားရင်း နေမြန်မြန်ပြန်ကောင်းဖို့ ဆုတောင်းပေးနေလိုက်သည်။

ညနေလောက်ကြတော့ ကြယ် line တက်လာပြီး reply ပြန်လာသည်။

"နေကကောင်းပါတယ်"

"ဒါဆို ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး ဒီတိုင်း line မသုံးချင်လို့"

"Line မသုံးချင်လို့ဆိုထဲက တစ်ခုခုတော့ဖြစ်နေတယ်မလား..အရင်ကဆို 24/7 active now ဖြစ်နေပြီး"

"ဒီတိုင်း စဉ်းစားနေလို့ပါ"

"ဘာလဲ အစ်ကိုဘာလို့အရမ်းချစ်ဖို့ကောင်းနေရတာလဲဆိုတာလား"

"မပြောပြပါဘူးဆို..အဲ့အကြောင်းစဉ်းစားဝာာမဟုတ်တာတော့သေချာတယ်"

"မပြောချင်ဘူးဆိုလည်း ထားလိုက်ပါတော့..ဒါပေမယ့် အစ်ကို့ကိုပေးထားတဲ့ promise ကိုတော့မမေ့နဲ့နော်"

"မေ့ပါဘူး..ခုကလည်း စိတ်ညစ်စရာမဟုတ်ပါဘူး စိတ်မပူနဲ့"

"ပြီးရော"

ထိုညကစပြီး အရာရာပြောင်းလဲသွားသည်။

နောက်နေ့ နောက်နေ့ နောက်နေ့တွေ ကျွန်တော် စခေါ်မှ စကားပြောဖြစ်တဲ့ conversation အဖြစ်ပြောင်းသွားပြီး အရမ်း အေးစက်သွားသည်။ မနေနိုင်တဲ့ ကျွန်တော်ကဘဲ ထပ်မေးရပြန်သည်။

"ဘာလို့ အဲ့လိုပုံစံကြီးဖြစ်နေတာလဲလို့"

"ဘာမှမဖြစ်ပါဘူး ဘာဖြစ်လို့လဲလို့"

"အရင်လိုမှ မဟုတ်တော့တာ"

"ဟုတ်ပါတယ် ညီမက ညီမပဲကို"

"အစ်ကို ညီမကိုစိတ်ခုအောင်တစ်ခုခုလုပ်မိလို့လား"

"ဟုတ်ပါဘူးအဲ့လို..ဒီတိုင်း ညီမဘာသာ အနေအထိုင်ဆင်ခြင်နေတာ"

ကျွန်တော် သူမနဲ့ပက်သက်ပြီး တစ်ခါမှ ဘာတစ်ခုမှ သေချာမမေးဖူးသလို သူ့ဘက်ကလည်း ဘယ်တော့မှမပြောပြဖူးဘူး။
ကျွန်တော့် ဘာသာ မြင်အောင်ကြည့်ပြီး သူမစိတ်ကို ဖတ်နေရတာ၊ သူမအကြောင်း‌တွေလေ့လာနေရတာ တစ်ခါတစ်လေတော့လည်း ပင်ပန်းတယ်။

Fly Me to the Star( Completed )Where stories live. Discover now