"အဲ့တစ်ယောက်ပေါ့"
"ဘယ်တစ်ယောက်လဲ"
"မသိပါဘူးဗျာ..သူ့ကိုသဘောကျမိသွားလို့ ရူးချင်နေပြီ"
"ရူးတောင်ရူးချင်နေပြီလား၊ အရင်ထဲကကော ကျပ်ပြည့်ခဲ့လို့လား :"( "
ဒီကောင်မလေးက ကျွန်တော် စိတ်ညစ်နေမှန်းသိလို့ လိုက်စနေပြန်ပါပြီ။
"အရင်က 99 ပြားဆို အခု 1 ပြားပဲရှိတော့တာမျိုး""ဟင် ကျန်တာတွေဘယ်ရောက်သွားလဲ"
"နှလုံးသားဆီ"
"အမယ်လေး ကဗျာတွေလာဆန်နေတယ်ဗျာ"
"သိတယ်မလား ထွက်သွားလိုက်ချင်တယ်..အဲ့တစ်ယောက်ထက် ကိုယ့်ကိုယ်ကိုသာပိုချစ်ရင် ဘာမှလျှောက်ခံစားမနေဘဲ ထွက်သွားလိုက်မှာ"
"ဘယ်ကိုထွက်သွားမလို့လဲ"
သူမ စကားကို ဥပေက္ခာပြုလိုက်ပြီး
"ဒါပေမယ့် သိတယ်မလား၊ စိတ်ကမရဘူး၊ သူ့အနားမှာဘယ်သူ့မှမရှိတော့ရင်တောင် နောက်ဆုံးကျန်နေမယ့်သူက အစ်ကို ဖြစ်နေချင်တာ""ဆက်နေရင် နာကျင်ရမှာပေါ့"
"မနာကျင်ပါဘူး"
"လိမ်နေတာ"
သေချာတာပေါ့။ ကျွန်တော် လိမ်နေတာ။
"ဒီတိုင်းသိတယ်မလား..သဝန်တိုတာကလွဲရင်၊ အဓိကက သူပျော်ဖို့ပဲလေ""မေ့ပစ်လို့မရဘူးလား"
"ခဏလေးတောင်မေ့ပစ်လို့မရဘူး၊ တစ်စက္ကန့်လေးတောင်"
"ချစ်နေတာလား"
"မြတ်နိုးတယ်၊ တန်ဖိုးထားတယ်..တစ်ခါတစ်လေ ချစ်ရတာအေးချမ်းပေမယ့် တစ်ခါတစ်လေ ကြတော့လည်းသတိရတယ်"
"အဲ့တာညီမလား"
"သိရင်လည်း တိတ်တိတ်လေးနေလို့မရဘူးလား"
သူမက ရယ်သည်။
"သတိရရင်စကားလာပြောအဲ့ဆို ဒီတိုင်းကြီးမနေနဲ့"
"မရဘူး..အစ်ကိုက သူ့ကိုသဘောကျနေတာလေ..ရိုးမှမရိုးသားတာ..စည်းမရှိသလိုခံစားရတယ်"
"ဘာမှမဖြစ်ဘူး လာပြော၊ ညီမက အဆင်ပြေတယ်"
"ညီမ မဟုတ်ဘူး.."
"လောလောဆယ်အဲ့လိုပဲသဘောထားလိုက်ပါ pls..မဟုတ်ရင်ဘာဆက်ပြောရမှန်းမသိတော့လို့"
Chapter 14
Start from the beginning