အခြားအိမ်တော်က သခင်မတွေဆိုရင် အိမ်တော်ကိုစီမံခန့်ခွဲဖို့ လုပ်ပိုင်ခွင့်ရတာနဲ့  လက်ထဲရောက်လာတဲ့ ပိုင်ဆိုင်မှုတွေကို တိုးတက်အောင်လုပ်ပြီး ဝင်ငွေပိုတိုးအောင် ကြံကြတယ်။ဒါပေမယ့် Dalang မိန်းမကျတော့ သူတို့အိမ်တော်ရဲ့စီးပွားရေးတွေက မတိုးတက်လာတဲ့အပြင် ဝင်ငွေက တစ်ဝက်ထိကို လျော့ကျသွားသေးတယ်။ အိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို သူမဘယ်လိုဘယ်ပုံများ စီမံနေသလဲ?

သခင်မကျိုးလည်း ပြောဆိုပြီးမှ အနည်းငယ်လိပ်ပြာမလုံသလိုဖြစ်သွားတယ်။

အစကတည်းက ကူလင်းစားသောက်ဆိုင်က ချူးလျန်ရဲ့ ပိုင်ဆိုင်မှုမှမဟုတ်ဘဲ ၊ဒါက အိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်စိတ်တပိုင်းဘဲကို။

သခင်မကျိုးက ကူလင်းစားသောက်ဆိုင်ရဲ့ လက်ရှိရလာတဲ့ အကျိုးအမြတ်တွေကိုဘဲ မြင်တယ်။ ဆိုင်အောင်မြင်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ မမြင်နိုင်ရှာဘူး။

ချူးလျန်ကြောင့်သာမဟုတ်ရင် ကူလင်းစားသောက်ဆိုင်က အနောက်ဖက်ဈေးမှာ ပုန်းကွယ်နေပြီး အရှုံးပေါ်နေအုံးမှာဘဲ။

သခင်မကျိုးရဲ့ စကားတွေကိုကြားတော့ သခင်မကြီးဟေးက ခဏလောက် ကြောင်သွားတယ်။ တွေဝေနေရာကနေ သတိပြန်လည်လာတော့ ပြောလိုက်တယ်
"Dalangမိန်းမက အခုဘယ်လိုစဉ်းစားထားတာလဲ?"

သခင်မကျိုးက လက်အိတ်ထဲက လက်တွေကို ညှစ်လိုက်မိပြန်တယ်။ ပြီးတော့ အားမွေးပြီး ထပ်ပြောလိုက်တယ်။
"အခြေအနေတွေကို ခြုံကြည့်တော့ ဒီမြေးမ အမြင်မှာ တတိယညီမက စီးပွားရေးလုပ်တဲ့နေရာမှာ ထူးချွန်သလိုဘဲ ၊ ကျွန်မတို့‌နှစ်ယောက်လုံးက ကျင်းအန်အိမ်တော်ရဲ့ မြေးချွေးမတွေဘဲ ၊ဒီတော့ တတိယညီမလည်း တာဝန်အချို့ ခွဲယူသင့်တယ်၊ တတိယညီမက လုပ်နိုင်စွမ်းရှိနေမှတော့ ကူလင်းစားသောက်ဆိုင်ကို အိမ်တော်ရဲ့ ပိုင်ဆိုင်မှုထဲ ဘာလို့ ပြန်မပြောင်းနိုင်ရမှာလဲ ၊ တကယ်လို့ အဘွားက ဒီလိုပြောင်းတာကို ညီမအတွက် မမျှတဘူး ထင်ရင် ဒီမြေးမက အလျော်အစားအနေနဲ့ အခြားဆိုင်အချို့ပေးလိုက်မယ်လေ၊ တတိယညီမက ဒီလောက်အရည်အချင်းရှိနေမှတော့ အခြားဆိုင်တွေလဲ နှစ်လအတွင်းမှာ ကူလင်းစားသောက်ဆိုင်လို တိုးတက်လာမှာ သေချာတယ်"

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now