"အုပ်ဆောင်းအောက်မှာ taco လုပ်ထားတယ်၊ မသွားခင် coffee လည်းသောက်သွားဦးနော်"

"TACO?!"

အုပ်ဆောင်းအောက်က taco တစ်ခုယူပြီး ချက်ချင်း ပါးစပ်ထဲ ထည့်လိုက်သည်။
Yeach..Tacos are my favourite.

"သမီး ကျောင်းသွားဝောာ့မှာလား..ကားကိုဂရုစိုက်မောင်းသွားနော်"

"ဟုတ် ဖေကြီး..အဲ့ဆိုသွားတော့မယ်နော်"

ကျွန်တော့်ယောက်ျားလေးတစ်ယောက်လို အသက် 10 နှစ်လောက်ထဲက ပြုမူနေထိုင်ခဲ့ပေမယ့် မိဘတွေကတော့ သမီးမိန်းကလေးလိုပဲမှတ်ယူထားတာကြောင့် အရာရာလိုက်ပြီး စိတ်ပူနေတတ်သည်။

ခြံထဲဆင်းပြီး 18 နှစ်ပြည့်မွေးနေ့တုန်းက လက်ဆောင်ရထားတဲ့ ကားလေးကိုနှုတ်ဆက်လိုက်သည်။

"မနေ့က နွေဦး ကျောင်းလိုက်ပို့ဖို့ပူဆာထားတာပဲ"
ကျောင်းမသွားခင် တစ်ဦးတည်းသောသူကိုအရင်သွားကြိုပြီး ကျောင်းလိုက်ပို့ရဦးမည်။

အိမ်တစ်အိမ်ရှေ့ကိုရောက်သွားပြီး 5 min လောက်အကြာမှာ အိမ်ထဲက ကောင်မလေးတစ်ယောက် ထွက်လာပြီး ကားပေါ်တက်လာသည်။ နွေဦး ဆိုသည့် အလယ်တန်းထဲက တွဲလာတဲ့ ကျွန်တော့် ကောင်မလေး ဖြစ်သည်။

"Sorry နည်းနည်းကြာသွားတယ်"

"ရပါတယ် အေးဆေးပေါ့" ကျွန်တော် ပြုံး၍ ပြောပြီး ကားကို back ဆုတ်လိုက်သည်။

"ဒီမနက်နေသာတယ်နော်"

နွေဦး အပြောကို ခေါင်းညိမ့် ထောက်ခံလိုက်သည်။
Radio ကိုဖွင့်လိုက်တော့ သီချင်းမြူးမြူးလေးက ကျွန်တော့် ကားကို ကိုင်လှုပ်လိုက်သလိုပင်။

'Cause I'm just a teenage dirtbag, baby' 🎶

ကျွန်တော့်ဘဝက ပြည့်စုံတယ်ရယ်လည်းမဟုတ်ပါဘူး။ သာမန်ပါဘဲ။ အဖေ၊ အမေ၊ အစ်မ ရယ် ခွေးလေးရယ် ပြီးတော့ ကောင်မလေးရယ်။
ပြီးတော့ ကျွန်တော့်ကားရယ်။

အရာအားလုံးက အဆင်ပြေချောမွေ့ပြီး သာယာနေ -

*ရုတ်တရက်ကြီး မိုးရွာချလာသည်။

- တယ်လို့ထင်ရပေမယ့်

နွေဦး  က radio ကိုလှမ်းပိတ်လိုက်ပြီး
"ပြောစရာရှိလို့"

Fly Me to the Star( Completed )Tahanan ng mga kuwento. Tumuklas ngayon