အမျိုးသားအစေခံတစ်ဦးက ငါးအစပ်ကင်ပန်းကန်ကို လာချတော့ မြို့စားအိုကျန်းမှာ အံ့ဩလွန်းလို့ မျက်လုံးတွေတောင်ပြူးကျယ်လာတယ်။

ကူလင်းစားသောက်ဆိုင်ရဲ့ ငါးကင်တွေကို မင်မြစ်ထဲက အနူးညံ့ဆုံးရေချိုငါးတွေကိုသာအသုံးပြုထားတယ်၊အဲ့လိုသေချာရွေးထားတဲ့ ငါးတွေရဲ့အသားက ချက်လိုက်တဲ့အခါမှာတောင် နူးညံ့ပြီး ကောင်းမွန်နေတုန်းဘဲ၊ အရင်ဆုံးငါးရဲ့ အပေါ်ယံအရေခွံကို ညိုရဲပြီး ကြွပ်ရွနေအောင် မီးကင်လိုက်တယ်၊ မီးမကင်ခင် ဆီရွှဲနေအောင်သုတ်ထားတဲ့အတွက် ကင်ပြီးတဲ့အခါ နူးညံ့ လတ်ဆတ်ပြီး ကြွပ်ရွနေတဲ့ ငါးကင်ကိုရရှိလာတယ်၊ငါးအသားလေးကို မစားခင် တဖဲ့လောက်ဖဲ့ပြီး ငရုတ်ဆော့စ်လေးနဲ့ တို့နိုင်တယ်၊အဲ့လိူလေး စားကြည့်လိုက်တဲ့အခါမှာတော့ သူတိူ့အားလူံး တကိုက်ပြီး တကိုက် ထပ်စားချင်စိတ်ကိုထိန်းမရတော့ဘူး။

သူတို့ရဲ့ တူတွေက ငါးကင်ကို ထပ်စားနိုင်ဖို့အရေး အလုအယက်တောင်ဖြစ်နေကြတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီစားကောင်းသောက်ဖွယ်တွေက သူတို့ကိုတကယ်ကိုပျော်ရွှင်စေတယ်။

ငါးအပြင် အခြားအရံဟင်းတွေကတော့ ပဲညှောက်၊ ဆလပ်ရွက်နဲ့ သစ်အယ်သီးတို့ကို ရောနှော ချက်ပြုတ်ထားတယ်၊ ပြီးတော့ အစိမ်းရောင်အသီးအရွက်ကြော်တွေတောင်ပါသေးတယ်။

ဒီအသီးအရွက်တွေအကုန်လုံးကို ငါးပြုတ်‌ရည်နဲ့ ချက်ပြုတ်ထားတာဖစ်လို့ အရသာ ကသူတိူ့ပုံမှန်စားနေကျထက်ပိုထူးခြားပြီး စွဲမက်ဖွယ်ကောင်းနေတယ်။

ဧည့်ခန်းထဲမှာရှိတဲ့ အမျိုးသားဧည့်သည်တွေအားလုံးက အစားအစာတွေကိုဘဲ တနင့်တပိုးစားနေကြပြီးတော့ စကားလေးတခွန်းတောင်စမပြောနိုင်ကြတော့ဘူး။

နောက်ဆုံးစားသောက်လို့ပြီး‌လို့ တူတွေကိုစားပွဲပေါ်ပြန်ချလိုက်တော့မှဘဲ သူတို့အားလုံး နှာရည်တေကျနေမှန်းသတိထားမိတော့‌တယ်။

အမျိုးသားအစေခံတွေလည်းဒါကိုမြင်တော့ ပဝါတေ အလျင်အမြန်ယူပေးလိုက်တယ်။ မြို့စားအိုကျန်းက နှာရည်တွေကိုကျေကျေနပ်နပ်ကြီးကို သုတ်‌နေတော့တာဘဲ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now