ep-22

2.6K 262 130
                                    

Zawgyi //

" apa !!!! တကယ်ပဲဘယ်လိုလုပ်လိုက်တာလဲ ။ အခုတော့စီစဉ်ထားတာနဲ့အကုန်လွဲပြီ ။ အားးး... တကယ်ပဲစိတ်ပျက်လိုက်တာ ။ "

ဆူဆောင့်ပြီးထွက်သွားတဲ့သမီးကိုကြည့်ပြီး ယွန်းဂျယ်မူလည်းဘယ်လိုမှမတတ်နိုင် ။ စီစဉ်ထားတာနဲ့တလွဲစီဖြစ်ကုန်တာမို့ သူလည်းခေါင်းကိုက်ရသည် ။

" ဟာနာ ...  မင်းသားဂင်ဆီသွားဖို့ချက်ချင်းပြင်လိုက် "

ဆူးပန်းပွင့်တို့နှင့် အနုစိပ်ပုံဖော်ထားသော ကြွေဖြူရေနွေးအိုးထဲကို ငွေရောင်အမှုန့်အနည်းငယ်ထည့်ပြီး မွှေလိုက်သည် ။

ဟင်း.. ယွန်းအာနာကကိုယ်မပိုင်ဆိုင်ရတဲ့အရာကို သူများကိုလည်းပိုင်ဆိုင်ခွင့်မပေးတတ်ဘူး ။ ရဲရဲနီနေတဲ့နှုတ်ခမ်းပါးလွှာကိုတွန့်ချိုးစွာသူမပြုံးလိုက်သည် ။

" မင်းသမီးအာနာ... အဆောင်တော်ကိုဂျေးရောက်လာပါတယ် "

" တကယ်ပဲလား ဟာနာ "

အမြဲတမ်းငါကပဲခစားခဲ့ရတဲ့ဂျေးက ငါ့ဆီလာတယ်တဲ့လား ။ ဝမ်းသာလွန်းလို့ ပြုံးရွှင်နေတဲ့သူမရဲ့အမူအယာကတည်ငြိမ်မှုမရှိ ။

" ဟာနာ .. သည်ကြွေဖြူအိုးကိုအမြန်သွားသိမ်းလိုက် "

ညအချိန်ကြီး ဂျေးလာတယ်ဆိုတာအကြောင်းအရင်းတစ်ခုသာရှိရမည် ။ အစည်းအဝေးကိုမသွားဘဲ သူ့ဆီတန်းလာတယ်ဆိုတော့ ဂျေးသည်သူ့ကိုလက်ထက်ခွင့်တောင်းရန်လာခြင်းသာဖြစ်ရမည် ။

" ရှင် အာနာ့ကိုပစ်မထားဘူးဆိုတာ အာနာကောင်းကောင်းသိတာပေါ့ဂျေးရယ် "

ရင်ပြတ်အင်္ကျီကြောင့်ပေါ်နေတဲ့ပြည့်တင်းတင်းအသားစိုင်တွေကို ရှင်းရှင်းလင်းလင်းမြင်သာစေရန် ခွေလိပ်လိပ်ဆံပင်တွေကို နောက်ကိုဖြန့်ချလိုက်သည် ။

" ဂျေး... တကယ်ပဲအာနာ့ဆ်ီကိုလာတာလားဟင် "

ဂျေးရဲ့ရင်ဘတ်ပေါ်သူမလက်လေးကိုဖွဖွလေးတင်ပြီး မယုံနိုင်စွာမေးမိသည် ။

" တကယ်လာလို့ တွေ့ရတာမဟုတ်ဘူးလားအာနာ "

ပျော်လွန်းလို့ကျလာတဲ့မျက်ရည်တွေကိုပုတ်ခတ်ပုတ်လုပ်ရင်း ဂျေးရင်ခွင်ထဲဝင်ဖို့သူမကြိုးစားကြည့်သည် ။ နောက်ကိုခြေတစ်လှမ်းဆုတ်ရင်းရှောင်လွှဲပစ်တဲ့ဂျေးက မထင်မှတ်ထားတဲ့စကားကိုမေးလာတာမို့ သူမတုန်လှုပ်မိသည် ။

Begin From Hate (completed)Tempat cerita menjadi hidup. Temukan sekarang