ep-09

2.7K 292 197
                                    

Zawgyi //

" ငယ် ! "

" ဗျာ .."

ဖိုင်စာရွက်တွေကနေအကြည့်မလွှဲဘဲ ပြန်ထူးတဲ့ငယ့်ကိုကြည့်ပြီး သူ့မှာအသည်းယားနေရသည် ။

" ငယ်ရေလို့ .. "

" ကိုကိုရာ ငယ်အလုပ်လုပ်ဦးမယ်လေဗျာ "

နှုတ်ခမ်းကသာစူပြီးအသံထွက်လာတယ် ဒီတခါလည်း ငယ်ကသူ့ကိုလှမ်းတောင်မကြည့်ခဲ့ပါ ။

" ငယ်က ကို့ကိုမှပြန်မကြည့်တာ "

" ဆိုရာ ! အတွင်းရေးမှူးယန်း ဘယ်မှာလဲ ။ HGR project အတွက်လွဲနေတဲ့စာရင်းတွေကို ချက်ချင်းပြင်ပေးဖို့အကြောင်းကြားလိုက်ပါ ။ နောက်ပြီး ပရိုဂျူဆာချွဲကို ဒီနှစ်ဒီဇိုင်းပုံတွေCPR လုပ်ပေးပါလို့ "

သူ့စကားကိုတောင်အဖတ်မလုပ်ဘဲ စားပွဲဘေးကခလုတ်လေးကိုနှိပ်ပြီးပြောနေတာကြောင့် ငယ်အလုပ်ရှုပ်နေမှန်းသိသိရက်နဲ့ပဲစိတ်ကဆိုးချင်လာသည် ။ လျစ်လျှူရှူ့ခံရတဲ့ခံစားချက်ကဘယ်လိုဆိုတာ ဂျောင်ကုကောင်းကောင်းကြီးနားလည်လိုက်ပါပြီ ။

" ကိုကိုရေ .. ဆောရီးနော် ငယ်အလုပ်နည်းနည်းများနေလို့ "

အလျင်လိုနေတာမို့ ကိုကို့အဖြေကိုမစောင့်တော့ဘဲ ကုတ်အင်္ကျီကိုအမြန်ဝတ်ပြီးအလျင်စလိုနဲ့ထွက်လာခဲ့လိုက်သည် ။

" ဂီဆောင်း ! အင်းချွန်းကိုအမြန်မောင်းပေး ။ပြဿနာရှာခဲ့တဲ့ ဒါရိုက်တာဟိုကိုမိအောင်အမြန်လိုက်ရမယ် "

ပြောပြီးတာနဲ့ လက်တော့ပ်ထဲကဖိုင်တွေကိုပြန်စစ်နေတုန်း ဖုန်းဝင်လာတာကြောင့်နံပါတ်ကိုမကြည့်ဘဲ အမြန်ကိုင်လိုက်သည် ။

" ဂီဆောင်း ! ကားကိုဒီမှာပဲရပ်ပေးပြီး.. မဟုတ်သေးဘူး ဒယ်လ်ဂူးဆေးရုံကိုပဲမောင်းတော့ ။ နာမီလေး ဆေးရုံတင်ထားရတယ်တဲ့ အမြန်မောင်းပေး"

" အင်း အတွင်းရေးမှူးယန်း ! ကျွန်တော်ပါ ။ HGR Project ကိုခဏထားခဲ့ပြီး အင်းချွန်းလေဆိပ်ကိုအမြန်လေးသွားပေးလို့ရမလား ။ ဒါရိုက်တာဟိုကိုမိမှဖြစ်မှာမို့ အကူအညီတောင်းပါတယ် "

အတွင်းရေးမှူးယန်းဆီဖုန်းဆက်ပြီးတာနဲ့ နဖူးပြင်ကစီးကျလာတဲ့ချွေးတွေကိုသုတ်လိုက်ပြီး ရေကိုအမြန်ပဲမော့သောက်လိုက်သည် ။

Begin From Hate (completed)Where stories live. Discover now