ep-14

2.4K 252 119
                                    

Zawgyi //

" အထိန်းတော်ဆွန်း ! ဒီကိစ္စကိုမယ်မယ်ကြီးတို့ကိုလျှို့ဝှက်ထားပေးပါ ။ တောင်းဆိုတာမို့  "

" သိပါပြီ မင်းသားဂျွန်း ။ ဒါနဲ့ ဘယ်လို..လုပ်မယ်လို့စဉ်းစားထားပါသလဲ "

" ဟူး... အရင်ဆုံးတော့ဂျေးတို့ရဲ့လှုပ်ရှားမှုကိုစုံစမ်းရမှာပေါ့ ။ နောက်ပြီး ထယ်ငယ့်ကိုတော့ ဒီအခန်းထဲကအပြင်ပေးမထွက်နဲ့ဦး ။ အဲ့ကလေးကတဇွတ်ထိုးသိပ်လုပ်တတ်လွန်းလို့ "

သက်ပြင်းကိုလေးပင်စွာချလိုက်ပြီး မင်းသားငယ်ရဲ့ဆံပင်လေးတွေကိုဖွဖွလေးထိတွေ့ကာပြောပြလာတဲ့မင်းသားဂျွန်းက အခုအချိန်ထိတရေးမှမအိပ်ရသေးပေ ။

" မင်းသားဂျွန်း အခန်းထဲပြန်နားသင့်ပြီထင်တယ် "

" ရတယ်အထိန်းတော်ဆွန်း ။ အဟွတ် ..... အဟွတ် ... ကျွန်တော့်ကိုကော်ဖီပူပူလေးတစ်ခွက်ပဲယူလာပေးပါ ။ ခုည ထယ်ငယ့်အနားမှာပဲနေပေးချင်လို့ "

အအေးမိပြီးချောင်းတွေပါဆိုးနေတာတောင်အခန်းထဲကိုသက်တောင့်သက်သာပြန်နားဖို့စိတ်ကူးရှိပုံမရတဲ့မင်းသားဂျွန်းက အိပ်မရအောင်ကော်ဖီတွေသောက်ပြီးမင်းသားငယ်ကိုတစ်ညလုံးစောင့်ပေးဖို့စိတ်ကူးနေပုံရသည် ။

" အိပ်ရေးပျက်ညတွေများရင် ကျန်းမာရေးထိခိုက်ပါလိမ့်မယ်မင်းသားဂျွန်း "

" ဒီတိုင်း ထယ်ငယ်နိုးလာရင်အနားမှာရှိနေပေးချင်ရုံပါ ။ အိပ်ရေးမပျက်ပါဘူး "

ဆက်ပြောလည်းမရမှာသိတာမို့ အထိန်းတော်ဆွန်းလည်းလက်လျှော့လိုက်ရသည် ။

" ဒါဆို အဲ့ဒီလိုပဲလုပ်လိုက်ပါ့မယ်မင်းသားဂျွန်း "

ကော်ဖီပူပူတစ်ခွက်ကိုနွားနို့နဲ့ရောကျိုပြီး မင်းသားဂျွန်းဝတ်ဖို့သိုးမွေးဝတ်ရုံကိုပါယူလာပေးတော့ မင်းသားဂျွန်းကလျော့ရဲရဲပြုံးပြသည် ။

" ကျေးဇူးပဲအထိန်းတော်ဆွန်း ။ အထိန်းတော်ဆွန်းလည်းပင်ပန်းသွားပြီမို့ အေးအေးဆေးဆေးပြန်အနားယူလိုက်ပါ "

" ဒါဆို ခွင့်ပြုပါဦးမင်းသားဂျွန်း ။ ကောင်းသောညပါ "

အရိုအသေပေးပြီးထွက်သွားတဲ့အထိန်းတော်ဆွန်းကိုခေါင်းညိတ်ပြပြီး ကော်ဖီကိုတစ်ကျိုက်သောက်ကြည့်သည် ။ ခုညက ကောင်းသောညမှမဟုတ်တာပဲ ။ နောက်ပြီးကော်ဖီကလည်းဆိမ့်နေတယ် ။ အသက်ကြီးလာလို့ အထိန်းတော်ဆွန်းလည်း ဝေခွဲနိုင်စွမ်းမရှိတော့ဘူးထင်ပါရဲ့ ။ ကော်ဖီခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး ထယ်ငယ့်ကုတင်ဘေးမှာပဲမှီပြီးအိပ်ကြည့်ဖို့သူကြိုးစားကြည့်သည် ။

Begin From Hate (completed)Waar verhalen tot leven komen. Ontdek het nu