ep-18

2.6K 274 51
                                    

Zawgyi //

" တောက် .. အယုတ်တမာမ "

အဆောင်အတွင်းဟိန်းထွက်သွားတဲ့ ဂျောင်ကုရဲ့ပြစ်တင်ကျိန်းမောင်းသံ....

" ဂန်းဒိုအူ ! ယွန်းအာနာကိုအခုချက်ချင်းငါ့ဆီခေါ်လာခဲ့ "

ပြန်ရောက်ရောက်ခြင်းတွေ့လိုက်ရတာက သူကိုယ်တိုင်တောင်မထိရက်မနမ်းရက်တဲ့ငယ့်ပါးပြင်က သွေးစို့နေတဲ့ခြစ်ရာထင်းထင်း ။ ဒဏ်ရာရစေခဲ့တဲ့ယွန်းအာနာကိုဒေါသထွက်တာထက် အနားမှာရှိပြီးမကာကွယ်နိုင်ကြတဲ့သူတွေကိုပိုပြီးစိတ်ပျက်မိသည် ။

ငယ့်ရဲ့ပန်းသွေးရောင်ပါးပြင်ပေါ်က စိတ်ထိခိုက်စရာခြစ်ရာကို ပိုးသတ်ဆေးနှင့်သန့်စင်ပေးပြီးပလာစတာနဲ့ကပ်ပြီးတာနဲ့ ဆောဂီဆောင်းကိုသာအရင်အပြစ်တင်လိုက်သည် ။

" ရား ! ဆောဂီဆောင်း ။ မင်း.. မျက်စိရှေ့မှာရှိနေတဲ့အချိန်တောင်မှ မကာကွယ်နိုင်ဘူးလား ။ မိန်းကလေးတစ်ယောက်ကိုတောင် မတားဆီးနိုင်ရင် ငယ့်ကိုမင်းနဲ့ငါဘယ်လိုစိတ်ချရမှာလဲ ။ တောက်... "

ငယ့်မျက်နှာကိုကြည့်လိုက်တိုင်း ဒေါသထွက်မိတာမို့ ရှေ့ကစားပွဲခုံကို လက်သီးအားပြင်းပြင်းနှင့်ထုချလိုက်သည် ။

" ငယ့်ကြောင့်နဲ့တော့ဒေါသမထွက်ပါနဲ့လားကိုကိုရယ် ။ ဒီခြစ်ရာလေးလောက်နဲ့ ငယ်ဘာမှမဖြစ်ပါဘူး "

" ငယ်မဖြစ်ပေမယ့် ကိုယ်ကတော့ဖြစ်တယ်ငယ် ။ ကိုယ်တန်ဖိုးထားတဲ့ငယ့်ကိုထိခိုက်တာဟာ ကိုယ့်ကိုထိခိုက်တာနဲ့အတူတူပဲမို့ ကိုယ်ကတော့ဒေါသထွက်ရမှာပဲ ။ ငယ့်ကိုထိပါးတာမို့ကို ကိုယ်ပိုပြီးဒေါသထွက်တယ်ငယ်"

ကိုကို့ရဲ့ဒေါသမီးတောက်တွေထဲမှာ သူ့အတွက်လေးနက်မှုတွေကိုမြင်နေရတာမို့ ကြည်နူးမှုလှိုင်းလေးလွန့်လူးရပြန်သည် ။

" ဂျေး.. အာနာ့ကိုတွေ့ချင်တယ်ဆို "

မနက်ကနှင့်မတူကွဲပြားစွာပြုံးရွှင်သောမျက်နှာနှင့်ဝင်လာသောမိန်းကလေးအာနာက သူ့ကိုမြင်တာနှင့်မျက်နှာကချက်ချင်းပြောင်းလဲသွားသည် ။

~~~ဖြန်း~~~~~

မပြောမဆိုနှင့်ဆီးရိုက်လိုက်တဲ့ကိုကို့ကို တားချိန်တောင်မရလိုက် ။

Begin From Hate (completed)Où les histoires vivent. Découvrez maintenant