တည်းခိုခန်းပိုင်ရှင်အမျိုးသမီးရဲ့ ကံကောင်းပါစေဟု မပြောရုံတမယ် အပြုံးကြီးကို လျစ်လျူရှု့၍ ရှောင်ကျန့်ဟာအဆင့်နိမ့်ဝိဉာဉ်ကျောက်တုံးတစ်တုံးကိုပြစ်ပေးကာ သော့ကိုင်ပြီးတည်းခိုခန်းအပေါ်ထပ်သို့ဦးဆောင်တတ်သွားသည်။ နက်ရောင်ဝတ်ရုံခြုံထားတဲ့လူစိမ်းကို ဆွဲခေါ်ပြီးတော့တစ်ရွတ်တိုက်ဆွဲခေါ်သွားတာကနည်းနည်းထူးဆန်းပေမယ့်....အဟွတ်။ တည်းခိုခန်းပိုင်ရှင်အမျိုးသမီးဟာ ရှောင်ကျန့်ရဲ့ရက်ရောမှုကို အံ့ဩစွာဖြင့်မျက်ခုံးတစ်ဖက်ပင့်ကာကောင်တာ၌ကျန်ခဲ့၏။

ရှောင်ကျန့်ဟာ အခန်းနံပါတ်၅၉ကို လျှင်မြန်စွာရှာတွေ့သွားပြီးအခန်းတွင်းသို့အမြန်ဝင်ကာ ကမန်းကတန်း တံခါးဆွဲ​ပိတ်လိုက်သည်။

"ကျွန်တော်ခင်ဗျားနဲ့ အရင်ဆုံးဆွေးနွေး
ချင်တယ်...."

"....."

တစ်ဖက်လူက အတော်ကြာတဲ့အထိဘာသံမှ
ထွက်မလာပဲ သူ့ကိုသာစူးစိုက်ကြည့်နေတာကြောင့် ရှောင်ကျန့်ဟာအနည်းငယ်သောနေရခက်မှုနဲ့အတူကျွဲမြှီးတိုသွားသည်။ သူလေသံမာမာနှင့် ထပ်မေးလိုက်သည်။

"ခင်များကျွန်တော်ပြောတာ ကြားရောကြားရဲ့လား.....ဒါမှမဟုတ် အ များ အ နေတာလား..."

"ကိုယ် မအပါဘူး"

တစ်ဖက်လူဆီက ထွက်လာသည့်အသံမှာ ဩရှရှဖြင့် sexyကျပြီးဆွဲဆောင်အားပြင်းထန်လွန်းသည်။ ထိုအသံကြောင့် ရှောင်ကျန့်မှာနားရွက်ဖျားလေးတွေတောင် နီရဲမတတ်ဖြစ်သွားရ၏။

'ဝါး...နားထောင်လို့ကောင်းလိုက်တဲ့အသံ....၂၁ရာစုမှာသာ အဆိုတော်လုပ်စားရင်အောင်မြင်လောက်တယ်....'

[host...စိတ်နည်းနည်းထိန်းပါ....]

'တိတ်တိတ်လေးနေစမ်းပါ အုန်းသီး....မင်းကို ဟိုကိစ္စနဲ့ပတ်သတ်ပြီးသိပ်ကြည်သေးတာ မဟုတ်ဘူးနော်.....'

အုန်းသီးဟာချက်ချင်းဆိုသလိုသူ့ပါးစပ်ကို ဇစ်ပိတ်သလိုပိတ်ချလိုက်သည်။

ဒါပေမယ့်ရုတ်တရက်ကြီး သူ့အရှေ့ကလူစိမ်းဟာ ခေါင်းပေါ်ကအနက်ရောင်ခြုံထည်၏ ခေါင်းဆောင်းကို အနောက်လှန်တင်လိုက်လိမ့်မယ်လို့တော့ ရှောင်ကျန့်မထင်ခဲ့မိပေ။ ထိုလူစိမ်း၏မျက်နှာက ရှောင်ကျန့်ကိုကြက်သေသေသွားစေသည်။

system 091 Where stories live. Discover now