Ep_15 [ Ending ]

1.7K 46 0
                                    

{ Zawgi}

ဗျာ !!

ဟုတ်တယ် သုတ
မမြတ်သူ က
ကားမတော်တဆ
ဖြစ် ပြီး ဆုံးသွား ရှာ တာ "

" မင်း ဦးလေး ကို အထင်လွဲ နေမှန်း
သိတယ်။ တကယ်တော့ မမြတ်သူ က
သိပ်သနားစရာ ကောင်း တဲ့ အမျိုးသမီးကွ
သူ မင်းတို့ ဆီ ပြန် လာ ချင်ပေမယ့်
မင်း အဖွား ကြောင့် ပြန် ခွင့် မရ ခဲ့ ရှာဘူး "

မင်းသု တ မှာ ဦးသာစံ ပြောသည့် အကြောင်းအရာ များ
ကို သေချာ မကြား ရပေ။

[ မေမေ က
မေမေ က လူတွေ ပြော သလို
မဟုတ် ခဲ့ ဖူး ပဲ
ငါက
ငါက တစ်သက်လုံး မေမေ့ကို
အထင်တွေ လွဲ ပြီး စိတ်နာ နေ
ခဲ့ တာ ပဲ ]

မင်းသုတ မျက်ဝန်းတို့မှ မျက်ရည် များ မှာ တာရိုးကျိုး
သလို ကျ လာ ခဲ့ သည်။ ဒီ နှစ် တွေ အတွင်း မေမေ
တစ်ယောက်တည်း ဘယ်လို ကျော်ဖြတ်သွား ခဲ့ ရတာ
လဲ။

" မမြတ်သူ က သူမကျန်းမာ
တဲ့ တစ်လျှောက်လုံး အိမ် ပြန် ဖို့
အကြောင်းချည်း ပြော နေတတ် ခဲ့
တာ
ဒါပေမယ့် သူ က အိမ်ပြန် ခွင့်
မရ ရှာပါဘူး ကွာ "

ဦးသာစံ စကား တွေ က သူ့ရင်ဘတ် ကို ထုနှက်
နေ သည့် အတိုင်း နာကျင် ရ သည်။
မေမေ သား တောင်းပန် ပါတယ်။
သား တောင်း ပန် ပါ တယ်။ မေမေ က ဒီလို
ဖြစ် သွား မှန်း သား တကယ် မသိ လို့ ပါ။ သား တောင်း
ပန် ပါ တယ်။

တစ်ခါတစ်လေ လောက ကြီး အရမ်းတစ်ဖက် စောင်းနင်း
ဆန် တာ ပဲ။

🐶

သူမ ရှေ့မှာ မျက်ရည်လဲရွဲ ဖြစ်နေသည့် မြေး ဖြစ်သူ
ကိုကြည့်ကာ ဒေါ်လွန်းတင် ယူကျုံးမရ ဖြစ် ရသည်။
ဒါတွေ အားလုံး သူမ အပြစ် တွေ လေ။

" အဖွား တောင်းပန်ပါတယ် မြေး ရယ်
အ ဖွား အမှား တွေ ပါ
အဖွား အမှား တွေ ပါ "

အဖွား ကို သူ မမုန်းရက် နိုင်ပါ။ အဖွား က သူတို့
ညီအစ်ကို အတွက် ဒုတိယ မိဘ လို ဖြစ် ခဲ့ သည် မဟုတ်
လား ။ ဘာ ကြောင့် လဲ သူ မမေး ရက် ပါ။ တစ်ယူ သန် လွန်း သည့် အဖွား ကြောင့် ပဲ ဖြစ် ဖြစ် ၊ခေါင်းမာ လွန်း
သည့် မေမေ ကိုယ်တိုင်ကြောင့် ပဲ ဖြစ် ဖြစ် အရာရာက
ဖြစ်ပျက် သွား ခဲ့ပြီး ဖြစ် သည်။ သေသွား တဲ့ သူ က
ပြန်ပြီး အသက် မရှင် နိုင် သလို သူ့ ရင်ဘတ် ထဲ က
ဒဏ်ရာက လည်း နဂို အကောင်းပကတိ တိုင်း
ဖြစ် မလာ နိုင် ဘူး လေ ။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now