Ep_ 5

932 41 0
                                    

{Zawgi}
သူ က ဘယ်လောက်ရှောင်ချင်နေပါစေ တွေ့ဆုံ ရမည့်
ကံ က သတ်မှတ်ပြီးသား ဖြစ် နေသည်။ ဆိုင်မှာ ဝန်ထမ်း
ရှိပေမယ့် သင်းရနံ့ လာ တိုင်း အကြောင်း တိုက်ဆိုင်စွာပင်
သူ နှင့် ပင် တွေ့ရတတ် သည်။ဒီနေ့ လည်း မအိ က
အနောက်ထဲ သွား သည့် အချိန် သူမ ရောက်လာ တာ ဖြစ်
သည်။ နေမကောင်း သည့် ပုံ ပင်။နှာထိပ် ကလေး များ ရဲကာ
နှာခေါင်း တရှုံ့ရှုံ ဖြစ် နေတာ တွေ့ သည်။ သူု ဘယ်လောက် ရှောင်ဖယ် ချင်နေပါစေ ကံတရား က သူ့ကို
ရှောင်ဖယ် ခွင့် မပေးချင်ဘူး ထင်ပါ သည်။ အခု လည်း ကြည့် သူက အဲ့ကောင်မလေး အပေါ် တိတ် တိတ်လေး
စိတ်ပူ ပေး နေမိ ပြန် ပြီ။
သူ ထင်သည့် အတိုင်း ပင် သူမလေး က နေမကောင်း ဖြစ်
နေသည်။ တစ်သျှူး တစ်လိပ် နဲ့ နှာစေးပျောက်ဆေး တစ်
ချို့ ဝယ် သွား ခဲ့ သည်။

" ဆရာမ နေမကောင်း ဘူး လား
ဆေးခန်း မသွား ဘူး လား "

"အာ ဟုတ်တယ်
ဒီလို အေးရင် ဖြစ်နေကျ ပဲ
ဆေးအရင် သောက်ကြည့်ဦးမယ်
သက်သာ လောက်မှာပါ
မသက်သာ မှ ပဲ ဆေးခန်းသွားတော့မယ်
နှာစေး ရုံ ပဲ ဆိုတော့ ဆရာမ ကို အားနာ လို့ "

" အော် "

" သွား....
သွားတော့ မယ် အစ်ကို
ကျေးဇူး ပဲ
ဟတ်..ချေ !! "

နှာ ဆက်တိုက် ချေ ကာ ခပ်သွက်သွက် ထွက် သွား သည့်
ကျောပြင် ငယ် ကို ကြည့် ကာ သူ လေပူ တစ်ချက်
ထုတ် လိုက်မိသည်။ သူ က ဘာ ဖြစ် နေ တာပါ လိမ့်။

" ဟယ်လို ဖေဖေ "

" အင်း သမီးငယ် အသံ က
ဘယ်လို ဖြစ် တာ လဲ
အအေး မိ ပြန် ပြီ လား "

" ဟုတ် တယ် ဖေဖေ
ဒီမှာက ရာသီဥတုအေးလို့
သမီး နည်းနည်း အအေး မိ သလို
ဖြစ် နေတာ "

" ဂရုစိုက် ဦး သမီးငယ်
ဆေးခန်းရော သွားသေး လား "

" ဟုတ် လောလောဆယ် မသွားရသေးဘူး
ဆေးသောက်ထားလို့ အခု သက်သာ နေပြီ "

"သမီးငယ် ဘာဖြစ်လို့ ဆေးခန်းမသွားတာလဲ
သမီးက မေမေတို့ အဝေးမှာလေ
နေထိုင်မကောင်းဖြစ်နေ ရင် မေမေ ဘယ်စိတ်ကောင်း
ပါ့ မလဲ "

မေမေ က သူမ ဆေးခန်း မသွား သည့် သိသွား လို့ ထင်
သည်။ သူမ ကို ဆေးခန်း သွား ဖို့ အတင်း နားဆူ နေတော့
သည်။နွေးနွေးထွေးထွေး နေဖို့ အစားအသောက်မှန်မှန်စား
ဖို့ အကြောင်း မိနစ် တော်တော်ကြာ အောင် နား ထောင် လိုက် ရသည်။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now