Ep_10

782 40 2
                                    

{Zawgi}

၁ လ ပိုင်း ရာသီဥတုမှာ ဒီဇင်ဘာ ရဲ့ ရာသီ ဥတု နှင့် ထူး
မခြား နား ပင်။အေး မြဲ အေး နေ ဆဲ ဖြစ် သည်။
ဆောင်းတွင်း က အမှန်အကန် ငြီးငွေ့ ဖို့ ကောင်း
သည့် ကာ လ ဖြစ် သည်။ ပတ်ဝန်းကျင် က လည်း စို ထိုင်းထိုင်း နှင့်  တကယ် ပျင်းရိစရာ ကောင်းသည်။
အပျင်း ပြေ ဖို့ အတွ က် .......ကျောင်း
မှာ ရှိသည့် ဆရာမ တော်တော်များများ က အတန်းချိန် မရှိသည့် အချိန် များ တွင် သိုးမွှေး ထိုး နေကြတာ မြင် ရ
သည်။ရနံ့ ပင် သိုးမွှေး မာဖလာ လေး တစ်ထည် လက်ဆောင် ရ ထား သေး သည်။ လက်ဆောင် ရထား သည့်  မာဖလာ ကိုကြည့် ရင်း ရနံ့ သူ့ကို သတိရ သွား မိသည်။

[ အစ်ကို က မြို့ထဲ ကနေ တကူးတက လာ ရတာ
လည်ပင်း အေးတာ သက်သာ အောင် မာဖလာ လေး
ဝတ် ထား ရင် ကောင်း မှာ ပဲ ]

" မသီတာ
ညီမကို အဲ့သိုးမွှေးထိုး နည်း
သင်ပေး ပါ လား "

" သင်လို့ လွယ် တယ် မှတ် လား "

"အွန်း ရနံ့ က သင် ချင်လို့ လား "

" ဟုတ် အစ်မ တို့ ထိုးနေတာကြည့်ပြီး
အား ကျ လို့ "

[ တစ်ယောက်သောသူ အတွက် မာဖလာ ထိုး
ပေးမယ့် အကြောင်း ဝန်ခံ လို့ ဘယ်ဖြစ် မလဲ လေ နော့ ]

ထူးထူးဆန်းဆန်း စာအုပ် သရဲက စာအုပ် မဖတ်ဘဲ
ချည် ထိုး နေ သည်။

" ရနံ့ နေ့ခင်းမှ ထိုး ပါ လား
နင် မျက်မှန်ပါဝါ တက် လာ ဦး မယ် "

" မတက် လောက်ပါဘူး
ဒါလေး ပဲ ထိုး မှာ ပြီးမှ ကျန်တာ နောက်မှ
ဆက် ထိုး မှာ "

" နေ စမ်း ပါ ဦး
ဒီလောက် မာဖလာ အကြီးကြီးက
ဘာလုပ် ဖို့ လဲ "

" မ ဟုတ် မှ လွဲ ရော...."

သူမ ချည်ထိုး ရင်း မျက်နှာ မော့ ကာ ခေါင်း ညိတ် ပြ
လိုက် သည်။

" အင်း ဟုတ်တယ်
အစ်ကို့အတွက် မာဖလာ ထိုး ပေးချင် လို့ "

" ဟင်း ဟင်း
သင်းရနံ့ တို့များ မျက်နှာလိုက်ချက်
နှစ်တွေ အများကြီး ပေါင်းလာ တဲ့
သူငယ်ချင်း ကျ တဘက် တစ်ထည်တောင်
လက်ဆောင် မဝယ်ပေး ဖူး ဘူး
လွန်ခဲ့တဲ့ အပတ်က မှ ပူပူနွေးနွေး ရထားတဲ့
ရည်းစား ကျ မာဖလာပေး ဖို့
ကိုယ်တိုင် ကိုယ်ကျ ထိုးပေးနေ သတဲ့
တရားကျ စရာ ကောင်း လိုက်တာ "

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now