Ep_13

661 37 0
                                    

{Zawgi}

ရနံ့ က ကလေး တွေကို သိပ် ချစ် သူ ဖြစ် သည်။
ကျောင်းပိတ်ချိန်တောင် အိမ်ပြန်လာခဲ သည့် သမီး
က ကျောင်းဖွင့်ချိန် ကြီး ပြန် လာ ခဲ့ သည်။ ပြဿနာ တစ်စုံ
တစ်ရာ ရှိနေမှန်း သူမတို့ သဘော ပေါက် သည်။ ဒါပေမယ့်
သမီး ဖွင့်ပြောမယ့် အချိန် အထိ စောင့် ရလိမ့်မည်။ စိတ်
ပင်ပန်း နေသည့် အငယ်လေး ကို သူတို့ ကြောင့် ပိုပြီး
စိတ်မပင်ပန်း စေ ချင်ပေ။
နှစ်ရက် လောက် အိမ်တွင်း အောင်း ပြီး သည့် အချိန်
သူမ စိတ်တွေ ငြိမ်သင့်သလောက် ငြိမ် သွား ပြီ ဖြစ် သည်။
သူမ စကား အဆုံး မှာ ဖေဖေ ရော မေမေပါ ငြိမ် ကျ သွား
သည်။ ဒီ အလုပ် ကို သမီး သိပ်ကြိုက်မှန်း သိလို့
စိတ်မချ ပေမယ့် သွား ခွင့် ပေး လိုက်ခြင်း ဖြစ် သည်။ အခု
လို အခြေ အနေမျိုး မှာ သမီး ကို ဘယ်လို စိတ် မျိုး နဲ့
ပြန် လွတ် ရမှာ လဲ ။
အပေါ် ထပ် တက်သွားသည့် အငယ်လေး ကို
ကြည့် ကာ သူမ ရော ကို သာစံ ပါ သက်ပြင်း ချမိ ကြ သည်။
တိုက်တိုက် ဆိုင်ဆိုင်ပင် သူမဘေး က ဖုန်းမြည် လာ
လေ သည်။

" ဟယ်လို
ဟုတ်ကဲ့
သင်းရနံ့ တို့ အိမ် က
ဟုတ်ပါ တယ် "

" ဟယ်လို
အန်တီ
ကျွန်တော်က
မင်းသုတ ပါ
သင်းရနံ့ ရဲ့ ချစ် သူ ပါ
ကျွန်တော် တစ်ခု လောက် တောင်း
ဆို ခွင့် ရမလား ခင်မျာ့ "

"...."

"...."

"..."

တစ်ဖက် က ဖုန်းချ ပြီးသည့် အထိ ဒေါ်သင်းသင်း
ဖုန်းခွက်ကို ကိုင်ထား မိဆဲ။

" သင်း ဘယ်သူ ဆက် တာ တဲ့ လဲ "

" မင်း သုတ "

" မင်းသုတ လား "

ကိုသာစံ ရဲ့ အံ့သြဟန် မရှိသည့် ပုံစံ ကြောင့် သူမ သံသ
ယဝင် မိသည်။

" ဖေကြီး ရှင် သိပြီးသား လား "

" အွန်း
သမီး ငါ့ ကို ပြောပြ ထား တယ်
မေမေ့ ကို လောလောဆယ်
လျှို့ဝှက် ပေး ထား ပါ ဆို လို့
ကိုယ်က ဘာ မှ မပြောတာ "

" ကြည့်စမ်း ကိုသာစံ
ရှင် က တကယ် ကျွန်မထက်
သမီး ငယ်ကို ပို ချစ်တာ ပဲ "

" မဟုတ်ပါဘူး သင်း
ရာ အငယ်လေး က မပြောနဲ့ ဆို
လို့ ကိုယ် က မပြော ရုံပါ "

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now