Ep_ 7

787 41 2
                                    

ကျောင်း တည် နေရာက  ဗန်းမော် - မြစ်ကြီးနား လမ်းမ နဲ့ အနည်း ငယ် သာ ကွာ ဝေး သည်။ ကား နဲ့ ခရီးသွားမယ်
ဆို ကျောင်း ကို ခပ် လှမ်းလှမ်း ကနေ တွေ့နိုင်မှာ ဖြစ် သည်။ ရနံ့ တို့ မနက်စာစားရန် အတွက်  တစ်ဖက်လမ်းကို
လမ်းဖြတ်ဖို့ လို သည်။လမ်း တစ်ဖက်မှ အန်တီကြည် ဆိုင်ကို လှမ်းကြည့် သည့် အခါ
မနက်စာ စား မည့် သူ သိပ်မရှိတော့ တာ တွေ့ ရသည်။
နယ်မြို့လေးတွေ ရဲ့ ထုံးစံ အတိုင်း မိုးမလင်း ခင်ကပင်
ချက်ပြုတ်ကြသည်။ ဈေးဝယ်ကြသည်။မနက် ၇ နာရီ ဆို
ရွာဈေးက ဈေးဝယ်သူ မရှိအောင် ကျဲ သွား ပြီ ဖြစ် သည်။
သူမ နဲ့ နန္ဒာ ခေါက်ဆွဲဆိုင် ရောက်သည့် အချိန် က ၈
နာရီထိုးတော့မှာ ဖြစ် သည်။

"အန်တီကြည် ဆန်ခါး ရသေး လား "

" ရတယ် ဆရာမ "

" နန္ဒာ ဘာစား မှာ လဲ
ငါ က ဆန်ခါး စား မှာ "

" ငါ လည်း ဆန်ခါး စား မှာ "

" အာ့ ဆို
အန်တီ ဆန်ခါး *၂ ပွဲ
အရည် ပို ထည့်ပေးနော် "

"ဟုတ် ကဲ့ ပါ ရှင် "

အန်တီကြည်ရဲ့ ခေါက်ဆွဲ ဆိုင်က ဈေး နဲ့ တစ်ဆက်
တည်း ရှိပေမယ့် နေ့ခင်း ၁၁ ထိုး ၁၂ အထိ ခေါက်ဆွဲ ရတတ် သည်။ မနက်အစော မထ နိုင်သည့် သူမ တို့ အတွက် အန်တီကြည် ဆိုင် မှာ လွယ်လင့်တကူ မနက်စာ
ကိစ္စ ဖြေ ရှင်း ကြသည်။တစ်ပွဲ ၃၀၀ ပေမယ့်  မနက်စာ
အတွက် လုံလောက် သည်။

" အန်တီ ကြည် ဘာ
ရသေး လဲ "

သူမ ဘေး က အသံ ကြောင့် ဖျတ်ခနဲ
မော့ ကြည့် လိုက်မိ သည်။
သူ လည်း ဒီမှာ မနက်စာ စား တတ် တာ လား။
အစ်ကိုက ပြည်နယ်သား ဖြစ်နေလို့ ထင်ပါတယ်။
သူမ လို ထပ်တစ်ရာ ဝတ်လာတာ မတွေ့ ဖူး ဘူး။
ဒီနေ့ လည်း အမည်းရောင် ဂျာကင်တစ်ထည် ကို လည်ပင်းထိ ဇစ်ဆွဲ  ဝတ်ထားတာ တွေ့ ရသည်။

[ ဘယ်လိုနေနေ အစ်ကို က ကြည့်ကောင်းနေတော့
တာ ပါ ပဲ .....]

" မုန့်ဟင်းခါး၊  ဆန် ၊ရေစိမ် ၊ ဆီချက်
အကုန် ရသေးတယ်  "

" အဲ့ဒါဆို ကျွန်တော့်ကို
ဆီချက် တစ်ပွဲပေး
ကြက်သွန်တို့ နံနံတို့ မထည့် ဘူး "

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now