Ep_12

686 37 2
                                    


{Zawgi}

ရှင်းရှင်း ပြော ရမယ် ဆို ရင် သူနဲ့ ရနံ့ က  တရားဝင်
ချစ်သူ ဖြစ်ကတည်း က နှစ်ယောက်အတူ တူ date
ခွင့် မရ သေး ပေ။ အခု လည်း ကျောင်း ပိတ် သွား သည့်
အတွက် ရနံ့ က အိမ်ပြန် သွား ခဲ့ ပြီ ဖြစ် သည်။ တကယ်
ဒီ တစ်နွေ လုံး သူ ရူးကြောင်မူး ကြောင် ဖြစ် နေ ရသည်။
နောက်နှစ် ကျောင်းဖွင့် ရာသီ ကို သူ အမျှော်ကြီး
မျှော် နေ ရသည်။

[ နောက်နှစ် ကျောင်း ဖွင့် ချိန်  ရနံ့ က
အမီ ပြန်ရောက်ပါ့ မလား ]

နောက် နှစ် စာသင် နှစ် အတွက် ရနံ့ ပြန်ပြီး ကမ်းလှမ်း ခံ ရ
သည်။ ဒါ က သူမ အရမ်းကံကောင်း နေတာ မဟုတ် ဘူး
လား။ ပြတင်းပေါက်ကနေ မြင်နေ ရသည့် မိုးစက် များ ကို
ကြည့်ရင်း သူမ ဖွဖွ ပြုံး မိ သည်။

[ ရနံ့ ပြန် လာ ခဲ့ မယ် အစ်ကို ]

မိုးရာသီ က ပီပီပြင်ပြင် ဖြစ် လာ သည်။ ရှေ့ တစ်ပတ် လုံး
မိုး ရေ ရထား သည့် လမ်း ထိပ်က စိန်ပန်း ပင် ကြီး
မှာ နီရဲ နေအောင် ပွင့် နေ သည်။ ငယ်ငယ် က စိန်ပန်း
ပွင့်ချိန် ဆို သိပ် ပျော် ခဲ့ သည်။ ကျောင်းကို လွမ်း လွန်း
လှ ပြီ ကိုး ။အခု လည်း စိန်ပန်းပွင့် ချိန် ရောက် လာ ခဲ့
ပြီ ။ အဖြူ အစိမ်း နဲ့  ချစ်သူ လေး ကို လည်း မကြာ
ခင် တွေ့ ခွင့် ရတော့ မည် ဖြစ် သည်။
   သူ က တစ်နွေ လုံး လွမ်းနေခဲ့ရတာ ဖြစ် သည်။
ညနေ ဘက် ကျောင်းဆင်းချိန် ရောက် တိုင်း သူ့
ဆိုင်ကို မအိလက်ထဲ အပ်ကာ ချစ်သူ လေး ကို ကြိုဖို့
သွား တော့ သည်။ မနှစ် ကလို ချော်လဲ ပြီး ဗွက် ထဲ
ကျ မည်ကို သူ တကယ် စိုး ရိမ် ပါ သည်။ မိုးရွာ သည်
ဖြစ် စေ မရွာ သည် ဖြစ်စေ သူက ဆရာမလေး အနား မှာ
အရိပ်ပမာ တွယ်ကပ် နေ တော့ သည်။
  နှစ်ယောက်လုံး အချစ်ရေး ကို တရားဝင် ဖွင့်ပြော ထား သည့် အတွက်  သူတို့နှစ်ယောက်အကြောင်း ကို အကုန်လုံး
က သိ နေကြ ပြီ ဖြစ် သည်။ တစ်ခါ တစ်လေ  လုပ်ဖော်
ကိုင်ဖက်တွေ က မကြား တကြား စ တာ ခံ ရ
တတ် သေး သည်။

" ကို မင်းသုတ ရေ
ဝါဆို တော့ မှာ နော် "

အဲ့လို အချိန် ဆို အစ်ကိုက သူမ ဖက် ကို အဓိပ္ပါယ်ပါပါ
ကြည့် ကာ ပြုံးနေ တတ် သည်။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now