Ep_11

686 39 5
                                    

{Zawgi}

သူ မာဖလာ လေး ကို ကိုင်ကြည့် ရင်း ပြုံးနေမိသည်။
ဆောင်းကုန်သည့် အထိ ဒီဟာ လေး က သူနဲ့ အမြဲ အတူ
ရှိ ခဲ့ တာ ဖြစ် သည်။အမှန်တော့ ဒါလေး က တန်ဖိုး အနေ
နဲ့ ပြော ရ ရင် သိပ်ပြီး များလှမယ် မထင် ပေ။ ဒါပေမယ့်
ဒီမာဖလာ ကို ထိုးပေးထားသူက သူ့အတွက် အချစ်တွေ
ပုံ ပေး ထား သည့် အတွက် သူ တန်ဖိုး ထား ရသည်။
မသေမသပ် လက်ရာ မှန်း သိသာအောင် ချည်မျှင် တို့က
ဟို တစ်စ ဒီတစ်စ ထွက်နေ သော်လည်း  သူ့အမြင် မှာ
ဒါက အလှပ ဆုံး ဖြစ် သည် ။ သူ ဂျပ်ပုံး တစ်ခု ရှာ ကာ
မာဖလာ လေး ကို သေချာ ခေါက် ထည့် လိုက် သည်။

[ နောက်နှစ် ဆောင်း မှ ပြန်တွေ့မယ်
မာ ဖလာ လေး ရေ ]

" အချိန်တွေ ကုန်တာ မြန်တယ် နော်
နန္ဒာ  "

" ဘာလို လို နဲ့ စာသင်နှစ် တစ်နှစ် က
ပြီး တော့ မယ် "

" ကျောင်း ပိတ်တာ နဲ့ နင်က အိမ် တန်းပြန် မှာ
မှတ် လား "

" အွန်း  အဲ့လို တွေးထား တယ်  "

" နင်က ငါတို့ဆီ နည်းနည်း လေး ပို မနေ ချင်ဘူးလား "

" အဲ့လို မဟုတ် ဘူး လေ ဟာ
ကျောင်းပိတ် ပြီဆို တော့ ငါ လည်းပြန်ချင်တာ
ပေါ့  ငါ က နင့်လို အပတ်တိုင်း အိမ် ပြန် လို့ မှ
မရ တဲ့ ကိစ္စ ကို "

" ဟုတ်ပါပြီ
ဟုတ် ပါပြီ  "

" ငါ က နင့်ကို ဘုရားဖူး ခေါ် ချင် လို့ ပါ ဟာ "

" ကျွန်းတော်ဘုရားပွဲ လေ နင်ကြားဖူး တယ် မှတ် လား "

"အင်း  ကြားဖူး တယ် "

" ငါတို့ မိသားစု လိုက် စက်လှေ နဲ့ သွား မလို့
အဲ့ဒါ နင် လိုက် ခဲ့ ပါ လား "

" ငါ အိမ် ကို မေး လိုက် ဦး မယ်
မေမေ ခွင့်ပြု ရင် လိုက် ခဲ့မယ် လေ "

အစ က  ကျောင်းပိတ်တာ နဲ့ တန်းပြန်ဖို့ စီစဉ် ထား ပေ
မယ့်  နောက် နှစ် သူမ ကို စာချုပ် ထပ် ချုပ် မလား
မသိ နိုင် သည့် အတွက် နောင်တစ်ကြိမ် ဒီဒေသ ကို
ခြေ ချ ခွင့် ရ ၊ မရ က သိပ်မသေချာ ပေ။ သူမ ကိုယ်တိုင်
လည်း ရောက်ဖူး ချင်နေသည့် အတွက် အိမ်ကို
အကျိုး အကြောင်း ရှင်းပြကာ  နန္ဒာ တို့ မိသားစု နှင့်
ဘုရား ဖူး လိုက် သွား ခဲ့ သည်။
မြေပြန့် သူ သူမ အတွက် တမျှော်တခေါ် သောင်ခုံ ကြီး
တွေက အထူး အဆန်း ဖြစ် လို့ နေ သည်။ မြစ် ဘေး
တစ်လျှောက် လှပ လွန်း သည့် ရှု့ခင်း တွေ က သူမ ကို
တကယ် အကြိုက်တွေ့ စေ သည်။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Onde histórias criam vida. Descubra agora