Ep_ 1

4.2K 72 2
                                    

္ခခွမ်း ! ခနဲ အသံ နှင့်အတူ အမေ့ ရဲ့ တောင်းပန်တိုးရှိုး
သံ ကို ပါ မင်းသုတ ကြား နေ ရသည်။ ၁၃ နှစ်အရွယ် မင်း
သုတ ကညီဖြစ်သူ ပိုင်သုတ ရဲ့ နား ကို အထိတ် တလန့်
ပိတ် လိုက် မိသည်။သူ က နားလည် သိတတ် သည့်အရွယ်
ရောက် နေပေမယ့် ၇ နှစ်အရွယ် ပိုင်သုတ အတွက် ဒါက
နား လည် ရခက်မည့် ပုစ္ဆာ ဖြစ်နေ လိမ့်မည်။ညီ အစ်ကို
နှစ်ယောက် စလုံး ဧည့်ခန်းတွင် စကား များ နေ သည့်
ဖခင်နဲ့ မိခင် ကို အိပ်ခန်းတံခါး အကွယ် ကနေ စိုးရိမ် တကြီး ကြည့်နေမိ ကြသည်။တစ်ချိန် က အမေ့ ကို လက်ဖြင့်ပင်
မရွယ်ဖူး သည့် အဖေ က အခု ဖြင့် လက်ပါ ဖို့ ကြိုးစား လာ တတ် သည်။ဧည့်ခန်း က အလှပန်းအိုးမှာ ကြမ်းပြင် တစ်
လျှောက် ကွဲကျ နေခဲ့ သည်။

"သောက်ရေး မပါ တဲ့ မိန်းမ...
ပိုက်ဆံ တစ်ပဲခြောက်ပြား ကို လာ
မြင် တယ် ....."
"မင်း သောက်ချိုး ပြင် ထား ....
တောက် !!! "

ဒေါသတကြီးထွက်သွားသည့် ဖခင် ဖြစ်သူ၏နောက်ကျော ကို
ကြည့် ကာ သူ လက်သီးတင်းတင်းဆုပ် ထား မိ သည်။
ဒေါ်မြတ်သူ မှာ ဧည့်ခန်း ထဲ ဝယ် အရုပ်ကြိုးပြတ် ထိုင်ချ ကာ ရှိုက်ကြီး တငင်ငင် ငိုကြွေး နေ လေ သည်။

" အ မေ ..

"သား ...
သား ကြီး...
အမေတို့ ကိုယ်ကျိုးတော့နည်းပြီ ထင်တယ်
မင်း အဖေ ...
မင်း အဖေ ...
သူ....အီး....ဟီး "

ဒေါ်မြတ်သူ စကား သံတို့ ထပ် မထွက် လာတော့ပေ။
အမေ မပြော လည်း သူ သိနှင့်နေခဲ့ ပြီ။ လူသတင်း
လူချင်း ဆောင် ဆိုသလို ပင် အဖေ့ သတင်းတွေ က
လွန် ခဲ့ တဲ့ ၂ လ ၃ လ ကတည်း က သူ တစွန်းတစ ကြား
ခဲ့ သည်။မဖြစ်နိုင်ပါဘူး ဆိုပြီး သူ့ကိုယ်သူ တိတ် တိတ် လေး
ညာ နေပေမယ့် အမှန်တရား က အမှန် တရား အတိုင်း
ပေါ်ပေါက် လာ ခဲ့ပြီ။ ရှက်ခြင်း ၊ မုန်းခြင်း တို့ သည် သူ့ရင်
ထဲ တစ်ပြိုင်နက်တည်း ပေါ်ထွက် လာ ခဲ့ သည်။ ကံစီမံ ရာ
အတိုင်း ပါ ပဲ သူ က ဘာမို့လို့ ဖြစ်လာမယ့် ကံတရား ကို
ပြောင်း လဲ ပစ် နိုင် မှာ လဲ ။

"ဟဲ့ မြတ်သူ နင့်ယောက်ျား ဆေးသမား
တွေ နဲ့ တအား တွဲနေတယ်နော် .."

" အေး ..
မြတ်သူယောက်ျား ကြည့် ရတာ
ဒါ သုံး နေ ပုံ ပဲ လူ က မဲခြောက်ခြောက် နဲ့
တစ်ရက် ရက် ပိုပိုပြီး ပိန် လာ တယ် "

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now