Ep_ 3

1.1K 52 0
                                    

{Zawgi}

" သားပိုင်
လာ ဦး ဒါက ဘယ်လို ဖြစ် လာ တာ
လဲ "

" ရှူး ကိုကြီး
အဖွား နိုး သွား လိမ့်မယ် "

"မင်း ..

" ကိုကြီး
တိုးတိုး ပြော "

" ငပိုင် ငါ လုပ်ထည့်လိုက် ရ
နာရီ ကြည့် ဦး ဘယ်နှစ်နာ ရီ ထိုးပြီ လဲ
၁ ချက် ထိုး ပြီ  ကွ
ညနက် သန်ခေါင်း သောက်စားလာပြီး
ငါ့ ကို မိချောင်းမင်းရေခင်း ပြနေသေးတယ် "

"သူငယ်ချင်း တစ်ယောက် ကွဲ နေလို့
သွား သောက်ကူ လာတာ
ရှူး ကိုကြီး တိုးတိုး
ကျွန်တော် သွားအိပ်တော့မယ်
မနက် မှ ဆူတော့ "

ဖိနပ်ချွတ်ကာ ဒယီးဒယိုင် ဝင် လာသည့် ညီ ဖြစ်သူ
ကို ကြည့်ကာ သူ သက်ပြင်း ချ မိ သည်။ သားပိုင်ရဲ့ အကျင့်
စရိုက်က သူ နဲ့ ဆန့်ကျင် ဘက် ဖြစ် သည်။သူ က အပေါင်း
အသင်းများများစားစား မထားတတ်သည့် လူစားဖြစ်ပေမယ့်
ညီဖြစ်သူက လက်ညိုးထိုးမလွဲ အပေါင်းအသင်းများသူ
ဖြစ်သည်။တစ်ရပ်ကွက်လုံး ကလေးက အစ ဘုရားလူကြီး
အထိ အပေါင်းအသင်း လုပ်ချင်သူ ဖြစ် သည်။တော်ရုံ သူက
ပြောခဲ ပေမယ့် အခုတလော သားပိုင် သောက်ပြီး ပြန်
လာ သည့် ရက် က များလာတာ သူသတိထား မိ သည်။သူ
အခြေ အနေ စောင့်ကြည့် နေခြင်း ဖြစ် သည်။ ဒီနေ့ ည က
လွန် သွား ပြီ။အခါ တိုင်း ၁၂ မတိုင်ခင် ပြန် လာ တတ် သည့်
သူက ၁၂ ထိုးပြီး သည့် အထိ ပြန်မရောက်လာ သေး ပေ။
သူစိတ်ပူ လာ ရသည်။သား ပိုင်က ဟော့ဟော့ရမ်းရမ်း
ကလေး မဟုတ်ပေမယ့် မတော်တဆဆိုတဲ့ ခေါင်းစဉ် အောက် မှာ ဘာမဆို ဖြစ် သွား နိုင်သည်။ သူ က စိတ်ပူ
နေပေမယ့် ပြန် လာသည့်လူ က မူးပြဲကာ သူ့ကို ပင်
ဆရာပြန် လုပ်နေသေးသည်။သူ စိတ်မတို ဘဲ ရှိပါ့ မလား ။

သားပိုင် အခန်း ထဲ ဝင်သွားတာ သေချာမှ သူလည်း
သူ့ အခန်း ပြန်ကာ ကုတင်ပေါ် အရုပ်ကြိုးပျက် လှဲချ လိုက်မိသည်။ အဖေ အမေ မရှိဘဲ ကြီးပြင်း လာ ရသည့်
ပိုင်သုတ အတွက် သူက တစ်ဦးတည်းသော တွယ်တာ ရာ
ဖြစ်သည်။ အဖေ မရှိသည့်နောက်ပိုင်း အမေ့ဖက်က အဖိုး
အဖွား များက သူတို့ ညီအစ်ကို နှစ်ယောက်ကို ခေါ်ကာ
စောင့်ရှောက်ပေး ခဲ့ သည်။ ငယ်စဉ်က တည်း က အနေဝေး
သည့် အတွက် ဘယ်လောက်ပဲ အသွေးအသားတော်စပ်
တယ် ပြောပြော သူတို့ အတွက် သူစိမ်းသာသာ ပင်။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now