Ep_14

762 31 0
                                    

{Zawgi}

ရနံ့ အလုပ် ကို ပြန်မသွား နိုင်ခဲ့ဘူး။ အဲ့နေ့က အဖြစ်
အပျက်ကို ပြန်တွေးမိ တိုင်း ရှက်ရွံ့မှုကို ခံစား ရဆဲ ဖြစ်
သည်။ ထို့ ကြောင့် သူမ အိမ် အပြင် ထွက်ဖို့ ပင်
အမှန် တကယ် မဝံ့မရဲ ဖြစ် ရသည်။

ရနံ့ တို့ နှစ်ယောက် ဦးပိန်တံတား ပေါ် ထိုင်နေမိကြ
သည်။ရာသီ ဥတု က အနည်းငယ် အုံ့မှိုင်းနေသည်
မို့ တံတား ပေါ် လူ အနည်းအကျဉ်းသာ ရှိသည်။လေ တိုးသံ
က လွဲပြီး အရာရာ တိတ်ဆိတ် နေသည့် အချိန် တွင်...

" ရနံ့ ကိုယ်တို့ လက်ထပ် ကြ ရအောင် "

ရုတ်တရက် ဆန်တဲ့ အစ်ကို့ အပြော ကြောင့် ရနံ့ ဘာ
ပြော ရမှန်း မသိ အောင် အံ့သြ ရသည်။ဒါက ရုတ်တရက်
အရမ်း ဆန် လွန်း သည်။
သူ့ပခုံး ပေါ် မှီထားသည့် ရနံ့ တစ်ယောက် ခန္ဓာကိုယ်လေး
အနည်းငယ် တောင့် တင်း သွားပေမယ့် ဘာ စကား မှ
ဖြင့် မဆို လာ ပေ။

" ဒါက နည်းနည်း ရုတ်တရက် ဆန်
တယ် ဆို ပေမယ့်
ကိုယ် ရနံ့ ကို ကိုယ့် ဘေး နားရှိစေချင်တယ်
ကာကွယ်ပေး ချင် တယ်
ကိုယ်တို့ လက် ထပ်ကြ ရအောင်နော် "

ရနံ့ အစ်ကို့ ကို မော့ကြည့်ကာ သက်ပြင်း ချမိ သည်။
ထို့ နောက် အစ်ကို ပခုံးပေါ် ပြန် မှီ လိုက် သည်။
အဲ့နေ့က အဖြစ်အပျက်ကို အစ်ကို လည်း ကြောက်သွား
ပုံ ရသည်။

" အစ်ကို က တကယ်ရနံ့ကို
အစ်ကို့ ဘေး ရှိစေ ချင် တာ လား  "

" အင်း တကယ် ရှိစေချင်တာ "

" ရနံ့ လည်း အစ်ကို ဘေး ရှိချင်တယ်။ "

ရနံ့ စကား အဆုံး မှာ မိုးက အရှိန်ပြင်းပြင်း ဖြင့် ရွာ
ချ လာ လေ သည်။ ဒါက သူတို့ နှစ်ယောက် အတွက်
ကောင်းချီးလား ။မင်းသုတ ရနံ့ လက်ကလေး ကို အသာ ဖျစ်ညှစ်မိသည်။
သူတို့ နှစ်ယောက် က အတူ ရှိ နိုင်ကြတော့ မည်။
နောင် ဘယ်သူ ပဲ နှောင့်ယှက် နှောင့်ယှက် သူက
ရနံ့ ဘေး မှာ အမြဲ ရှိ နိုင်တော့ မည်။ ရနံ့ နဲ့ သူက
အမှန်တကယ် soul mate တွေပဲ။

ရနံ့တို့ မင်္ဂလာပွဲ မှာ အောင်အောင်မြင်မြင် ပဲ
ပြီး မြောက် သွား ခဲ့သည်။တစ်နေ့ခင်းလုံး ဖိနပ်အမြင့်
နဲ့ လမ်းလျှောက်ထား ရသည့် အတွက် ရနံ့ ခြေ သလုံး
တွေ ညောင်း ကိုက် နေ ရသည်။ ခြေဖနောင့် နား ပင်
အနည်း ငယ် နာ နေ သယောင် ခံစား ရသည်။
ဖိနပ် ပေါက် သွား တယ် ထင်တာပါ ပဲ။
ရနံ့ အိပ်ခန်းရောက် လို့ ကြည့် လိုက်သည့် အချိန်
အမှန်တကယ် ပင် ခြေဖနောင့်မှာ နီရဲ ကာ အသား
အနည်းငယ် လန် နေ လေသည်။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now