၆ ။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)

Start from the beginning
                                    

"နောက်နေတယ်လား!" ဥက္ကဌလီမှာ ကျောင်းချီ ခုလက်တဖျိအခြေအနေက ဘာဆိုလိုသလဲ သဘောမပေါက်ခြင်းအပေါ် ဝမ်းနည်းသွားသည်။ သူက အင်္ကျီပေါ်က စိုရွှဲနေသည့် ရေစိုအကွက်ကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"မင်းက အဲလိုအပျော်အပါးလိုက်စားတာ ရှားလို့ ဒီလိုအရာမျိုးကိုနားမလည်တာ၊ သူလုပ်နေတာက တကယ်တော့..."

"တော်လောက်ပြီ!" ဥက္ကဌလူကြီးမင်းမှာ သူ့စိတ်ရှည်မှုအတိုင်းအတာကို ကျော်လွန်သွားလေပြီ။ သူ့ဇနီးလေးအားရင်ခွင်ထဲ ပြန်ဆွဲသွင်းပြီး ဂျာကင်တစ်ထည်ကို ခန္ဓာကိုယ်ပေါ်လွှမ်းပေးလိုက်သည်။ စိုရွှဲနေသည့် အင်္ကျီက သူ့ကိုယ်တွင်ကပ်နေတာဖြစ်၏။ ဒါကြောင့် သူ့ကြွက်သားများကိုခပ်ရေးရေးမြင်နေရကာ ရင်ဘတ်ပေါ်က ချယ်ရီပွင့်လေးနှစ်ပွင့်ကိုပင် မသဲမကွဲမြင်နေရ၏။ လီယွင်ကျင်းလို့ခေါ်သည့်ဒီကောင်က အဲနေရာကိုတောင် လက်ညှိုးထိုးရဲတဲ့သတ္တိရှိတယ်ပေါ့!

"ငါ့ဟာငါသီးတာပါ၊ မင်းထင်နေသလို မဟုတ်ဘူး"
ကျောင်းချီက ဂျာကင်ထဲကနေ တိုးထွက်လာပြီး တကယ်ဖြစ်သွားခဲ့သည့်အရာကိုဖုံးကွယ်ရန် အရင်လက်ဦးမှုယူလိုက်သည်။ လောလောလတ်လတ်သီးထား၍ မျက်ဝန်းများက ရဲနေရှာသည်။

ဇနီးလေးမှာ မင်းဆိုးမင်းညစ်ရင်ခွင်ထဲ နစ်မြုပ်နေကာ အတော်လေးသနားစရာကောင်းနေသော်ငြား မိသားစုပုံရိပ်ကို ကာကွယ်ရန် အပြင်းအထန်ကြိုးစားနေရှာတော့သည်။

ဥက္ကဌလီမှာ တဖြည်းဖြည်းစိတ်ငြိမ်အောင်လုပ်ကာ သက်ပြင်းချလိုက်သည်။ တစ်စုံတစ်ယောက်က သူ့တရားဝင်ခင်ပွန်းဖြစ်ရန် လက်မှတ်ရသွားပြီးပြီ။ အဆုံးတွင်တော့ ဖြစ်သမျှအရာက အိမ်တွင်းရေးကိစ္စသာဖြစ်၏။ သူ့လိုအပြင်လူတစ်ယောက်အနေနှင့် သူတို့ကိစ္စများကို ဝင်ပါရန်မသင့်တော်ပေ။ သူက ဖိတ်စာနှစ်ခုကိုတိတ်တဆိတ်ပြန်ချပြီး ခေါင်းယမ်းလိုက်သည်။

သူတို့အသိုင်းအဝိုင်းထဲတွင် ကျန်းချန်ဖေးက မယားကြောက်ဟု ကောလဟာလထွက်ဖူးသည်။ ကျန်းချန်ဖေး လူကောင်းတစ်ယောက် ဟုတ်သည်မဟုတ်သည်ထက် အခုတော့ ဒီလို အကြံအစည်ကြီးသည့်လူဖန်တီးထားသော မျက်နှာဖုံးတစ်ခုဖြစ်ချေသည်ကိုး။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now