ထိုအချိန်တွင်ရထားလူံး၏လိုက်ကာစကိုအထဲမှလှန်တင်လိုက်တယ်၊သခင်မ‌ေလးယွမ်မှာ ဘေးကိုမျက်လူံးတချက်ဝေ့ကာချောင်းကြည့်ပြီး ပြောလိုက်တယ် "ဘယ်လိုတောင်ညံ့ဖျင်းလိုက်တဲ့နေရာကြီးလဲ? စားသောက်ဆိုင်ကိုဒီလိုနေရာမျိုးမှာဖွင့်ရအောင်ခြောက်ယောက်မြောက်အစ်မကတကယ်စိတ်မမှန်တော့တာဖစ်မယ်"

ဒီစကားကိုကြားတော့ သူမနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ မိန်းကလေးစုက စူးစူးရှရှတချက်ကြည့်ပြီးပြန်ပြောလိုက်တယ်"ကောင်းတာကိုမပြောချင်ရင် ဘာစကားမှမပြောတာအကောင်းဆုံးဘဲ"
သခင်မလေးယွမ်ကအထင်သေးသလိူတချက်ကြည့်ပြီးဆက်ပြောလိုက်တယ် "နင်လည်းဒီကိူဟန်ပြရောက်လာတာဘဲလေ ,နင့်စိတ်ထဲမှာလည်းငါ့လိုတွေးနေမယ်ဆိုတာလောင်းရဲတယ် ငါ့ထက်တောင်ပိုချင်ပိုနေအုံးမယ် ဘာလို့လူကောင်းလိုဟန်ဆောင်နေတာလဲ?"
သခင်မလေးဖူကဘေးကနေကြည့်ပြီးပြုံးနေလိုက်တယ်။

မိန်းကလေးစုရဲ့မျက်နှာမှာဒေါသထွက်လွန်းလို့နီရဲလာတယ်၊ဒါပေမယ့် ဘာမှပြန်လည်မချေပဘဲနဲ့တိတ်ဆိတ်နေလိုက်တယ်၊ တကယ်လည်း သူမအဲ့လိုတွေးနေမိတာဘဲလေ။ဒီလိုစိတ်ပျက်ဖွယ်ကောင်းတဲ့အိမ်ရာတေရှိတဲ့နေရာမှာစားသောက်ဆိုင်လာဖွင့်တာက စားသုံးသူတေကိုတကယ်ဆွဲဆောင်နိုင်ပါ့မလားပေါ့? သူမလိုစီးပွားရေးကိုဘာမှနားမလည်တဲ့ မိန်းမငယ်လေးတစ်ယောက်တောင်ဒီသဘောတရားကိုနားလည်နေတာဘဲလေ။ ချူးလျန်ကတကယ်ကိုမိုက်မဲတာပါလား?
သခင်မလေးယွမ်က မိန်းကလေးစုရဲ့ ဒီလိုနှုတ်ဆိတ်ပီးဘာမှမပြောနိုင်တော့တာကိုမြင်တော့ ပိုပြီးအားတေပြည့်လာသလိုခံစားလိုက်ရတယ်။

သူမစိတ်ထဲမှာတော့ အထင်အမြင်သေးခြင်းတေနဲ့ပြည့်နေတယ် ။ဒါကတကယ်ကိုစားသောက်ဆိုင်သေးသေးလေးတစ်ခုဘဲကို အကျင့်မကောင်းတဲ့ချူးလျန်ကဖိတ်စာပို့ရဲတယ်။အစကတော့သူမတကယ်ကိုမလာချင်ပါဘူး ဒါပေမယ့်သေချာစဉ်းစားပြီးတော့ ဆိုင်ကဒီလိူနေရာမျိုးမှာတကယ်ရှိတာလားကို လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်တယ်။ ပြီးတော့စိတ်ဝင်စားစရာလေးများတွေ့ရမလားလို့လာဖို့ဆုံးဖြတ်လိုက်တာ။ အစ်မ6ဘယ်လိုတောင်မျက်နှာပျက်ရမလဲဆိုတာကိုသူမတကယ်ကိုမြင်ချင်နေပြီ။
သူမစိတ်ထဲမှာ ဆံထိုးပြသာနာအတွက်အခဲမကျေမှုက အခုထိရှိနေတုန်းဘဲလေ။


Transmigrator meets reincarnator (mmtranslation)Where stories live. Discover now