အပိုင်း(၂)

3.7K 255 0
                                    

လမင်းငယ်ကျောင်းဆင်းတော့အိမ်တန်းမပြန်ဘဲစျေးကိုဝင်လိုက်သည်၊၊မိုးစက်ချိုအလုပ်သွားခါနီးစျေးသွားချက်ပြုတ်တာသူမြင်တော့မိုးစက်ချိုအစားပင်ပန်းလွန်းလေသည်၊၊ဒါကြောင့် ကန်စွန်းရွက်၂စည်း မျှစ် လက်ဖက်သားနဲ့နှစ်ပြန်ကြော် ပဲပင်ပေါက်ပဲပြား အားလူးတွေဝင်ဝယ်ခဲ့သည်၊၊ ဘာပဲပြောပြောဒါလေးတွေရှိရင်အလုပ်ဖြစ်သည်မဟုတ်ပါလား......

အိမ်နားရောက်ခါနီးခပ်လှမ်းလှမ်းရောက်တော့

"ကလေးမ....ဟေး ကလေးမ"

နောက်ကခေါ်သံကြောင့်လမင်းငယ်လှည့်ကြည့်လိုက်လေသည်၊၊

ထိုအဒေါ်ကြီးကိုမြင်တော့လမင်းငယ်သက်ပြင်းကိုချပြီး"လာပြန်ပြီဒေါ်မြချိုအကြောင်းမေးဖို့မလား.....သူဘယ်ရောက်လို့ဘယ်ပေါက်ဘယ်မှာသွားသေမှန်းမသိဘူး"

လမင်းငယ်ကိုထိုအဒေါ်ကြီးက
"နေပါဦးကလေးမ.....အဒေါ်ပိုက်ဆံတွေညည်းမိထွေးယူသွားတာမနည်းဘူး သူမရှိရင်သူ့သမီးရောအဒေါ်တွေ့ချင်တယ်"

"ဒီမှာအဒေါ်ကြီး ကျူပ်တို့တောင်ဘယ်လိုနေဘယ်လိုစားရမှန်းမသိဒုခရောက်နေတာတောင်ခင်ဗျားကြီးကအကြွေးလာတောင်းနေသေး....ကာယံ‌ကံရှင်နဲ့ကိစ္စကာယံကံရှင်နဲ့ရှင်းလေ ဘာလို့ကလေးတွေဆီကလည်ပင်းလာညစ်နေတာလဲ"

ထိုအဒေါ်ကြီးကလည်းဇွဲမလျှော့သေးဘဲ
"သူ့သမီးအလုပ်ဝင်လုပ်နေတာငါမြင်တယ်....
ဒါနဲ့ညည်းအဖေကုမ္ပဏီသူဌေးဆီကရောလုပ်ဖော်ကိုင်ဖက်ဆီကပါနာရေးကူငွေတွေအများကြီးရတယ်ဆို"

လမင်းငယ် ဒေါသကငယ်ထိပ်ထိရောက်လာပြီး
"ဘာ.....ရာရာစစဖေဖေနာရေးကူငွေကိုထွက်လာသေးတယ် မပေးနိုင်ဘူးတိုင်ချင်ရာတိုင်" အော်ကာခြေထောက်ကိုဆောင့်အောင့်ပြီးလျှောက်သွားလေသည်၊၊

ဖေဖေကိုအလှူအတန်းလေးလုပ်ပေးပြီးပိုတဲ့ငွေလေးတွေကိုလမင်းငယ်တို့အသက်ဗူးအဖြစ်ထားထားမှဒီမိန်းမကြီးပါးစပ်ကထွက်လာကြောင့်ဒေါသတော်တော်လေးထွက်သွားမိသည်၊၊ခြံတံခါးကိုအမြန်ဖွင့်ပြီးသေချာပြန်ပိတ်ကာအိမ်တံခါးကိုဖွင့်လိုက်သည်၊၊အထဲရောက်တော့စျေးကဝယ်လာတာတွေကိုစားပွဲပေါ်စိတ်တိုတိုနဲ့ပစ်တင်လိုက်လေသည်၊၊

ပဲ့ကိုင်ရှင်မလေးWhere stories live. Discover now