အပိုင်း(၅)

2.9K 199 1
                                    

"အဲ့တာဆိုညီမလေးကိုထားခဲ့ပြီနော်ဆရာ"

မိုးစက်ချိုဆရာဖြစ်သူကိုကျူရှင်အပ်ပြီးပြောလိုက်လေသည်၊၊ပြီးတော့လမင်းငယ်လက်ကိုဆွဲပြီးဝရံတာနားကိုခေါ်ကာအသံတိုးတိုးဖြင့်
"ငယ်လေး စာကိုသေချာလိုက်လုပ်နော်
ဒီနှစ်ငယ်လေးအောင်ကိုအောင်ရမယ် အိမ်ကိုသေချာပြန်နော်" ကြိတ်ကာမှာလေသည်၊၊

လမင်းငယ်စိတ်ရှုပ်နေသည့်ပုံဖြင့်
"အင်းပါ ဟိုမှာစာစသင်တော့မယ်ငါဝင်တော့မယ်" ဆိုကာအထဲသို့ဝင်သွားလေသည်၊၊ဆရာကနေရာချပေးပြီးစာစသင်လေသည်၊၊

မိုးစက်ချိုဝရံကနေအထဲကိုလှမ်းကြည့်ပြီးလက်ကနာရီကိုတချက်ကြည့်ကာအလုပ်သွားဖို့ထွက်ခဲ့သည်၊၊

စာသင်ချိန်အကူးအပြောင်းတွင်
"မုန့်စားပါဦးလား"
လမင်းငယ် သူ့လက်မောင်းကိုတို့ပြီးပြောလာတဲ့ဘေးကကောင်မလေးကိုတချက်ကြည့်လိုက်သည်၊၊

လမင်းငယ်ခေါင်းလေးခါပြီး
"တော်ပြီ"

ထိုကောင်မလေးကပြုံးပြပြီး
"ထမင်းစားချိန်ကျတူတူစားရအောင်ချိုင့်ပါတယ်မလား"ဆိုကာမှန်ပြတင်းပေါက်ဘောင်ကလမင်းငယ်ချိုင့်ကိုမေးငေါ့ပြလေသည်၊၊

"အင်း နင်ရောချိုင့်ပါလာလား"

"မပါဘူး ဒီကျူရှင်အောက်‌ကဆိုင်မှာဝယ်စားမှာလေ"

လမင်းငယ်ခေါင်းညိမ့်ပြလိုက်သည်၊၊

သူကထပ်ပြီး
"ဒါနဲ့နာမည်ဘယ်လိုခေါ်လဲမသိ"

"လမင်းငယ်ပါ
နင်ကရော"

"ယွန်းရတီ ယွန်းလို့ပဲခေါ်ကြတယ်လမင်း
လမင်းလို့ပဲခေါ်မယ်နော်ရတယ်မလား"

လမင်းငယ်ထိုစကားတတ်တဲ့ကောင်မလေးကြောင့်စာသင်ခန်းထဲနေရမခက်ပေ၊၊သူမကဘေးကနေစကားပေးတာမို့ကြာတော့နေသားကျလာလေသည်၊၊

"ယွန်း....
ကျူရှင်ဆင်းရင်နင်ဘယ်သွားဖို့ရှိလဲ"

လမင်းငယ် သူငယ်ချင်းတွေကလည်းအောင်တဲ့သူကအောင်ကျတဲ့သူကလည်းဘော်ဒါတွေရောက်ကုန်တော့အတူသွားဖို့အဖော်မရှိပေ၊၊ဒါကြောင့်ဘေးကကောင်မလေးကိုစကားစရလေသည်၊၊

ပဲ့ကိုင်ရှင်မလေးWhere stories live. Discover now