ဇာတ်သိမ်းပိုင်း

5.4K 277 6
                                    

"ငယ်လေး ဘာတွေထိုင်ရွတ်နေတာလဲ"

ဒီနေ့အောင်စာရင်းထွက်မှာမို့လမင်းငယ်တစ်ယောက်ဘုရားရှိခိုးလိုက်ထိုင်လိုက်ထလိုက်နှင့်အလုပ်ရှုပ်နေသည်၊၊

"ည၁၂ကျရင်အောင်စာရင်းထွက်မှာဆိုတော့
ဘုရားစာတွေထိုင်ရွတ်နေတာမမ"

မိုးစက်ချိုသူ့ကလေးဘေးမှာဝင်ထိုင်ပြီးအမောဖြေနေလေသည်၊၊တနင်္ဂနွေနေ့မို့လမင်းငယ်အလုပ်ပိတ်လေသည်၊၊

ပြောလို့ပြောသာမဟုတ်ပါဘူးငယ်လေးခဗျာပေတေပြီးအလုပ်ကိုဆက်လုပ်ရှာသည်၊၊အခုဆိုငယ်လေးကအတည်ဆိုင်ဝန်ထမ်းတောင်ဖြစ်လို့နေပြီ၊၊မုန့်ဖိုးလေးသာယူပြီးမမအတွက်ဆိုပြီးလစာအကုန်ပေးရှာလေသည်၊၊

မိုးစက်ချိုကလည်းစျေးမှာဆိုင်လေးဖွင့်ဖို့လိုတဲ့အရင်းအနှီးကိုအဖေဖြစ်သူဆီအကူအညီတောင်းခဲ့သည်၊၊ခုဆိုမိုးစက်ချိုစိတ်ကူးထားတဲ့အတိုင်းဆိုင်လေး
ဖွင့်နိုင်ခဲ့ပြီ၊၊

ဒီလိုနဲ့ည၁၂နာရီထိုးတော့......

လမင်းငယ်စက်ဘီးလေးယူကာအောင်စာရင်းသွားကြည့်ဖို့ပြင်တော့မိုးစက်ချိုကလည်းကပျာပျာစက်ဘီးနောက်ခုံမှာထိုင်ကာလိုက်လေသည်၊၊ပထမဆုံးအကြိမ်မဟုတ်ပေမဲ့အောင်စာရင်းထွက်တိုင်းအတော်ကိုရင်ခုန်ရလေသည်၊၊

ဒီတစ်ခေါက်မအောင်ရင်ငယ်လေးလုံးဝပြန်မဖြေဘူးအလုပ်ပဲဆက်လုပ်တော့မယ်လို့ကလေးကပြောသည်၊၊မိုးစက်ချိုလည်းဘုရားစာရွတ်ပြီးငယ်လေးအတွက်ဆုတောင်းနေလေသည်၊၊

လူတွေအုံနေတဲ့ကြားတိုးကာငယ်လေးအောင်စာရင်းသွားကြည့်လေသည်၊၊မိုးစက်ချိုကတော့ခုန်နေတဲ့ရင်ဘတ်ပေါ်လက်လေးနဲ့ဖိပြီးခပ်လှမ်းလှမ်းမှာရပ်စောင့်နေလေသည်၊၊

"ဟဲ့ ငယွန်းမ
ငါ့ကိုရှာပေးဦး" လမင်းငယ်တစ်ယောက်ယွန်းရတီကိုတွေ့တော့လှမ်းအော်လေသည်၊၊

ယွန်းရတီလည်းရင်တုန်ပန်းတုန်ဖြင့်သူ့နာမည်အရင်ရှာလေသည်၊၊သူ့နာမည်ကိုတွေ့တော့
"လမင်းရေ.....ငါအောင်ပြီဟ"

နောက်ကတိုးလာတဲ့လူအုပ်ကြောင့်လမင်းငယ်လည်းညှပ်ပြီး
"နင့်နာမည်တွေ့ရင်င့ါကိုရှာပေဦးယွန်းရတီရေ"

You've reached the end of published parts.

⏰ Last updated: Jul 16, 2021 ⏰

Add this story to your Library to get notified about new parts!

ပဲ့ကိုင်ရှင်မလေးWhere stories live. Discover now