အပိုင်း(၁၄)

3.2K 198 9
                                    

လမင်းငယ်ဒီနေ့တော့စောစောထပြီးမိုးစက်ချိုဟင်းချက်တာကိုကူလေသည်၊၊

"ငယ်လေး ကြက်သွန်နီလှီးတာပြီးပြီလား"မိုးစက်ချိုပြောရင်းလမင်းငယ်ကိုလှည့်ကြည့်လိုက်သည်၊၊

ကြက်သွန်လှီးရင်းမွှန်လို့မျက်ရည်ကျနေတဲ့လမင်းငယ်ကိုမြင်တော့
"ဟော ငယ်လေးရယ်
ပေးပေး.....မမပဲလုပ်လိုက်တော့မယ်"ဆိုကာမိုးစက်ချိုပဲဆွဲယူကာလှီးတော့သည်၊၊

လမင်းငယ််မျက်လုံးတွေကိုသူ့အင်္ကျီလက်လေးနဲ့သုတ်ပြီး
"ကြက်သွန်လှီးရင်မျက်ရည်မကျအောင်ပီကေစားရတယ်လို့ကြားတယ်မမ
နောက်ငယ်လေးပီကေဝယ်ထားမှပဲ"

မိုးစက်ချိုလမင်းငယ်စကားကြောင့်ပြုံးပြီး
"ပီကေဝါးစရာမလိုပါဘူးငယ်လေးရယ်
မြန်မြန်ခွာပြီးလှီးရင်ရတာပဲကို
ကဲ.....လက်လာဆေးတော့"

ဒါနဲ့ပဲလမင်းငယ်ထပြီးဘေစင်မှာလက်ဆေးလေသည်၊၊မိုးစက်ချိုကတော့လှီးပြီးသားကြက်သွန်တွေကိုပန်းကန်လုံးထဲထည့်ရေဖြည့်ကာဆေးနေသည်၊၊

လမင်းငယ်ဘေးကနေမိုးစက်ချိုလုပ်သမျှလိုက်ကြည့်နေလေသည်၊၊မိုးစက်ချိူကလည်းတစ်ခုချင်းစီလမင်းငယ်ပြောပြလေသည်၊၊

"ရပြီ......ဒီရေခမ်းပြီးဆူရင်ရပြီ
ဝက်သားဆိုတော့နူးအောင်ရေလေးပိုထည့်ရတယ်
ကြက်သားဆိုရင်တော့ဒီနားလောက်ထည့်ရင်ရတယ်"

လမင်းငယ်မျက်လုံးလေးအဝိုင်းသားဖြင့်မိုးစက်ချိုကိုသေချာကြည့်ကာမှတ်လေသည်၊၊

မိုးစက်ချိုထပ်ပြီး
"ကန်စွန်းရွက်လေးကြော်လိုက်ရင်ကောင်းမလား
ဟင်းတမျိုးတည်းဆိုအီတယ်နော်ငယ်လေး"

လမင်းငယ်ခေါင်းလေးညိမ့်ပြီးရေခဲသေတ္တာအောက်အံထဲကကန်စွန်းရွက်ထုပ်ကိုယူပြီးချည်ထားတဲ့ကြွပ်ကြွပ်အိတ်ကိုဖြည်လေသည်၊၊ပြီးတော့ကန်စွန်းရွက်ကိုထုတ်ပြီးကြွပ်ကြွပ်အိတ်ကိုအမှိုက်ပုံးထဲထည့်လိုက်လေသည်၊၊

ဇလုံနဲ့စောင့်နေတဲ့မိုးစက်ချိုနားဝင်ထိုင်ပြီး
"မမကကန်စွန်းရွက်ကြိုက်တာလား
အမြဲအရွက်ဆိုကန်စွန်းရွက်ပဲဝယ်တာများတယ်နော်"

ပဲ့ကိုင်ရှင်မလေးحيث تعيش القصص. اكتشف الآن