အပိုင်း(၁၃)

3.4K 215 4
                                    

"ငယ်လေး......ထတော့လေ
ငယ်လေး......"

မိုးစက်ချိုကုတင်မှာတင်ပါးလွှဲထိုင်ပြီးလမင်းငယ်ကိုနှိုးနေလေသည်၊၊ကုတင်အောက်မှာခွလုံးနဲ့ခေါင်းအုံးပြုတ်ကျနေတာမို့မိုးစက်ချိုခါးလေးကိုင်းပြီးကောက်ကာတင်လိုက်လေသည်၊၊

အရင်လိုငယ်လေးဆိုတဲ့နူးညံ့တဲ့ခေါ်သံလေးကြောင့်လမင်းငယ်မျက်လုံးကိုလက်ဖြင့်အသာပွတ်ပြီးထထိုင်လိုက်နေသည်၊၊လမင်းငယ်မျက်လုံးတွေအသာဖွင့်ပြီးမိုးစက်ချိုကိုပြုံးပြနေလေသည်၊၊

မိုးစက်ချိုအသဲယားတာမို့လမင်းငယ်နှာခေါင်းလေးကိုညစ်လိုက်ပြီး
"မမ အလုပ်သွားတော့မယ်
ခုံပေါ်ကအုပ်ဆောင်းမှာကြက်သားကြော်နဲ့ကန်စွန်းရွက်ကြော်ထားတယ်"

လမင်းငယ်ခေါင်းလေးညိမ့်ပြီးနှုတ်ခမ်းလေးဆူပြလေသည်၊၊

မိုးစက်ချိုလည်းစချင်တာမို့
"မနမ်းချင်ပါဘူး.....
မျက်နှာမှမသစ်ရသေးတာ"

လမင်းငယ်ချက်ချင်းမျက်နှာကြီးဆူပုတ်ကာ
"အင်း.....ရွံတယ်ဆိုလည်းမနမ်းနဲ့
အရင်ကကျသူများအိပ်နေတာတောင်ခိုးနမ်းပြီးတော့များ...."

မိုးစက်ချိုသဘောကျပြီးရယ်နေတော့သည်၊၊

"မမကစတာပါကွာ
နှုတ်ခမ်းကြီးဆူမနေနဲ့"ပြောပြီးလမင်းငယ်အနားတိုးလာလေသည်၊၊

ကောက်စိန်လေးကရှောင်လိုက်ပြီး
"မနမ်းနဲ့"

မိုးစက်ချိူကလည်းအတင်းရအောင်လိုက်နမ်းလေသည်၊၊ဒါတောင်လမင်းငယ်ကရုန်းနေသေးမို့မနည်းဖက်ကာနမ်းရသည်၊၊

မိုးစက်ချို လမင်းငယ်ပါးလေးနှစ်ဖက်ကိုဆွဲပြီး
"ကောက်စိန်လေးရယ်.....
စိတ်ကောက်ပြေပါတော့
မမကိုရယ်ပြပါလား နော်....."

"အာ.....လွှတ်တော့ရယ်ပြမယ်
ပါးဆွဲရင်သရေကျတယ် လွှတ်"လမင်းငယ်စကားတွေလုံးထွေးကာပြောလေသည်၊၊

မိုးစက်ချိုလမင်းငယ်စကားကြောင့်ခွက်ထိုးခွက်လှန်ရယ်ပြီးလွှတ်လိုက်လေသည်၊၊

လမင်းငယ်တချက်နှုတ်ခမ်းလေးတွန့်ချိုးကာပြုံးပြပြီး
"ရပြီလား"ဆိုကာပြောလေသည်၊၊မိုးစက်ချိုကတော့သူ့ကလေးကိုကြည့်ကာသဘောတွေကျနေလေသည်၊၊

ပဲ့ကိုင်ရှင်မလေးWhere stories live. Discover now