"လမင်း နားလည်ပြီလား" မိုးခန့်ထည်စာရှင်းပြပြီးလမင်းငယ်ကိုမေးလိုက်သည်၊၊သူမေးတာကိုမကြားတငူငူတငိုင်ငိုင်ဖြစ်နေတာမို့ထပ်ပြီး
"လမင်း....."လက်သီးဆုပ်ကာခုံကိုခေါက်ပြီးခေါ်လိုက်သည်၊၊အဲ့တော့မှလမင်းငယ်အသိစိတ်ပြန်ဝင်ပြီး
"ဟမ်....ကို""လမင်း ဒီနေ့စိတ်နဲ့ကိုယ်မကပ်ဘူးနော်
ကိုတွက်ပြပြီးနားလည်လားမေးတာခေါ်လည်းမကြားအော်လည်းမကြား"လမင်းငယ်အသက်မပါတဲ့အပြုံးဖြင့်
"လမင်းနေသိပ်မကောင်းလို့အိမ်ပြန်ပြီးနားချင်ပြီ"ဆိုကာမုသားသုံးလိုက်သည်၊၊"ဒါတော့လည်းဒီနေ့ဒီလောက်နဲ့နားလိုက်ကြရအောင်.....ကိုလိုက်တော့မပို့တော့ဘူးနော် ဒီမှာစာပြစရာရှိလို့"
လမင်းငယ်စာအုပ်တွေထည့်နေရင်း
"ရပါတယ်"ပြီးမှလွယ်အိတ်လေးလွယ်ကာမိုးခန့်ထည်ကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်ခဲ့သည်၊၊လမင်းငယ်မနေ့ကအကြောင်းကိုပြန်တွေးနေမိတာအကြိမ်ကြိမ်အခါခါပင်၊၊တစ်ဖက်ကပြန်တွေးကြည့်ပြန်တော့လည်းကိုယ်နဲ့မဆိုင်တာကိုဘာဖြစ်ရတာလဲဆိုပြီးအဖြေရှာနေမိသည်၊၊
အိမ်ရောက်တော့ရေမိုးချိုးလိုက်သည်၊၊အတွေးတွေကတော့ပျောက်ပျယ်သွားခြင်းမရှိသေးပေ၊၊ထမင်းစားချင်စိတ်လည်းမရှိဘဲမိုးစက်ချိုကိုသာနာရီတကြည့်ကြည့်နဲ့မျှော်နေမိသည်၊၊
တစ်ဖက်မှာလည်း
"ကိုကောင်းမြတ်ကလည်းကြိုပြောတာမဟုတ်ဘူး မိုးစက်လက်ဆောင်ပြင်ခဲ့မှာပေါ့"
ကိုကောင်းမြတ်ကအအေးခွက်ကိုစားပွဲပေါ်ပြန်ချပြီး"အဲ့လိုဖြစ်မှာစိုးလို့ကိုယ်တမင်မပြောတာ
ခုလိုမိုးစက်ညစာတူတူစားပေးတာနဲ့တင်လုံလောက်ပါပြီ birthday presentဆိုတာမလိုပါဘူး"မိုးစက်ချိုပြုံးပြီး
"အဲ့လိုမရပါဘူးကိုကောင်းမြတ်ရဲ့
နောက်နေ့လက်ဆောင်ပေးမှာ""ဟုတ်ပါပြီ ဒါဆိုလည်းကိုယ်မငြင်းတော့ပါဘူး
မိုးစက်သဘောပါပဲ"မိုးစက်ချိုကိုကောင်းမြတ်စကားကြောင့်ခုမှပဲသဘောကျသွားတော့သည်၊၊ကိုကောင်းမြတ်ကလက်ကနာရီကိုငုတ်ကြည့်ပြီး
"ဒါဆိုပြန်ကြတော့မလားမိုးစက်"