အပိုင်း(၄)

2.8K 216 2
                                    

"ငယ်လေးရေ.....ဒီကိုခဏလာပါဦး"

လမင်းငယ်အိမ်စာရေးနေရင်းမီးဖိုချောင်မှမိုးစက်ချိုခေါ်သံကြောင့်
"အင်း လာပြီ"

လမင်းငယ်ရောက်သွားတော့မိုးစက်ချိုကကိတ်မုန့်ပေါ်ဖယောင်းတိုင်မီးထွန်းနေလေသည်၊၊ပြီးမှ
"Happy Birthdayပါငယ်လေးရေ" ဆိုကာကိတ်မုန့်လေးကိုလမင်းငယ်ဆီလှမ်းပေးလေသည်၊၊

"နင်ဒါဘာလုပ်တာလဲ ရူးနေလား"လမင်းငယ်ရဲ့စကားကြောင့်မိုးစက်ချိုရုတ်တရတ်ပြောစရာစကားတွေပျောက်ဆုံးသွားသည်၊၊

လမင်းငယ်သူမအခန်းဆီပြန်ဖို့ပြင်တော့

"ဘာလို့လဲငယ်လေး ဖယောင်းတိုင်တွေအရည်ပျော်ကုန်ပြီ မြန်မြန်ဆုတောင်းပြီးမှုတ်လိုက်လိုက်လေဆိုကာပြောပြန်သည်၊၊

လမင်းငယ် မိုးစက်ချိုလက်ထဲကကိတ်မုန့်ကိုလက်နဲ့ပုတ်ချလိုက်လေသည်၊၊

ကြမ်းပြင်မှာပေပွကျနေတဲ့ကိတ်မုန့်ကိုမိုးစက်ချိုဆောင့်ကြောင့်ထိုင်ကြည့်လိုက်ပြီး
"ဘယ်လိုလုပ်လိုက်တာလဲငယ်လေး
မင်းတစ်ဖက်သူရဲ့စေတနာကိုဘာလို့ဒီလိုလုပ်ရတာလဲ"

လမင်းငယ် မိုးစက်ချိုကိုကျောခိုင်းကာသူမအခန်းထဲသို့ဝင်သွားလေသည်၊၊စေတနာကိုအသိအမှတ်ပြုမခံရသည်မို့မိုးစက်ချိုစိတ်မကောင်းစွာနဲ့မျက်ရည်တွေပါးပြင်ထက်ကျလာလေသည်၊၊

လမင်းငယ်အခန်းသို့လျှောက်သွားပြီးတံခါးမခေါက်ဘဲအခန်းတံခါးကိုဖွင့်လိုက်လေသည်၊၊ကုတင်ပေါ်မှာဒူးနှစ်ဖက်ပေါ်လက်တင်ငိုနေသောလမင်းငယ်ကိုတွေ့လိုက်ရသည်၊၊

မိုးစက်ချိုတံခါးဖွင့်သံကြောင့်လမင်းငယ်ခေါင်းလေးထောင်လာပြီး
"ငါ့အမေဘာလို့ဆုံးသွားလဲ နင်သိလား"

မိုးစက်ချို လမင်းငယ်ရဲ့မျက်ရည်တွေကိုမြင်တော့ဘေးမှာချက်ချင်းထိုင်လိုက်လေသည်၊၊
"ဟင့်အင်း မမမသိဘူး"
ဆိုကာခေါင်းလေးခါယမ်းပြလေသည်၊၊

"ငါ၅နှစ်ပြည့်မွေးနေ့မှာမေမေကားတိုက်ခံရတာ....ငါ့အတွက်.....ငါ့အတွက်မွေးနေ့ကိတ်မှာထားတာသွားယူရင်းကားတိုက်ခံရလို့ဆုံးသွားတာဟ"

ပဲ့ကိုင်ရှင်မလေးWhere stories live. Discover now