ဆယ့်သုံးရက်မြောက်နေ့
- နိုးထ မလာချင်တော့လို့ မင်းကိုယ့်ဆီကနေ လွတ်မြောက်သွားပီ လို့ ထင်နေတာလားးဟင်ပိုင်...အဟင်းးး ဘာမှမဖြစ်ဘူးလေ ကိုယ့်အနားမှာ မင်းက သက်ရှိပဲ ဖြစ်ဖြစ် သက်မဲ့ ဖြစ်နေနေ မင်းကို ဘယ်မှ ထွက်သွားခွင့်မပေးဘူး..ကိုယ့်အနားကနေ မင်းလဲ ထွက်သွားလို့မရဘူး...
ကုတင်နီကြီး ပေါ်မှ ကောင်လေး၏ ရုပ်ဆင်းအင်္ဂါတို့မှာ..အနည်းငယ် ပျတ်ယွင်းချင် နေသော်လည်း..သူအသက်တော့ ရှုနေသားးး တချက်တချက်လေ...
သိပ်မကြာခင်ဒီလောကကြီးထဲမှ ထွက်သွားရတော့မည်ဆိုတာ..သူသိနေခဲ့ပီ...
သူသိနေခဲ့သလို..
ဘေးမှ မျက်ရည်တွေစီးကျနေပေမဲ့ ပိုင် မပျင်းအောင် စကားတွေ တစ်ယောက်ထဲပြောနေခဲ့သူ..
သူရော သိနေမလားးး..
သိတယ်...သူသိနေခဲ့လို့လဲ ပိုင့်ကို မျက်စိအောက်က အပျောက်မခံနိုင်ခဲ့ရုံမျှ...
ရင်ထဲ ကဖြစ်တည်လာတဲ့ခံစားချက်ကို.ခုချိန်.ထုတ်ပြပါဆို
ကျနော် ဖုံးကွယ်မိလိုက်မှာ..ဘာလို့လဲပေါ့..
အဟင်းး
ကျနော့အချစ်က သူအတွက်အရာမှ မဝင်ခဲ့လို့လေ..
ဟားဟားဟားဟား..နောက်ဆုံးအချိန်လေး...
သူ့နောက်ဆုံးအချိန်လေးမှာတောင် ကျနော့လို့ ကောင်ကို သူဆက်မုန်းနေအုံးမှာ...
ဒါတောင် သူ့ရဲ့အမုန်းတွေကိုနောင်ဘဝထိရှိခဲ့ရင်တောင်..ကျနော်က
ကျနော်ကလေ...
အဟက်...လိုက်ယူချင်သေးလို့
- ဟားဟားဟားဟားဟား ဟားဟား.....
ကိုယ့်ကို ကိုယ်ဟားတိုက်ရယ်နေတဲ့ စိုင်းညှို့ရဲ့ အဖြစ်ကို ဘယ်သူတွေကများ...နားလည်နိုင်ပါ့မလဲ...ဒါက ချစ်လွန်းလို့....
ပိုင့် ကိုအရမ်းချစ်ခဲ့လွန်းတာ..ကျနော်လေ...
- ဒီဘဝလဲ မင်းကငါ့အပိုင်..နောက်ဘဝတွေလဲ မင်းကငါ့အပိုင်ပဲမို့..လွတ်မြောက်လမ်းမရှိတဲ့မင်းဘဝက မင်းပြောပြော နေတဲ့ငါက နတ်ဆိုး တစ်ကောင်ထက် ဆိုးတယ်ဆိုတာ မင်းမသိလို့လားး ဟင့်ဟင့် ဟင့် မင်းမသိခဲ့လို့လားပိုင်...ဟင့်ဟင့်ဟင့်
ချစ်လို့ ငါမင်းကို စောက်ရမ်းချစ်ခဲ့လို့ ရူးမိုက်တဲ့အလုပ်တွေလုပ်နေခဲ့တာကွ....မင်းထ..မင်းထကြည့် ဒီမှာ..
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
